Happy New Year !!! ★ new year special ★

1K 112 3
                                    

*ဘုတ်*

တောအုပ်ထဲမှာ နေရာအနှံ့ ဆီးနှင်းတို့က ဖုံးလွှမ်းနေပြီ ဖြစ်သည်! မနက် နေရောင်မထိုးဖောက်သေးခင် သစ်ပင်တွေပေါ်က ဆီးနှင်းတဘုတ်ဘုတ်ပြုတ်ကျသံနဲ့ ကျွန်တော် နိုးထလာတယ်!

"အမလေး ချမ်းလိုက်တာ"

ရေရွတ်လိုက်တိုင်း ပါးစပ်ထဲက အငွေ့တချို့ တိုးထွက်သွားသည်! ကျွန်တော် အပေါ်ထပ်ဝတ်ရုံထူထူကို နှာခေါင်းဖုံးသည်အထိ ဆွဲခြုံထားလိုက်ရတယ်! အိပ်ယာနံဘေးက ကျွန်တော့်မြေခွေးကြီးနေရာဟာ လစ်လပ်လျှက် ! ဒါကြောင့်ပိုအေးသည်ဟု ကျွန်တော်ခံစားနေရတယ်! လူသားမဟုတ်တဲ့ Kokonoe sama ရဲ့ ကိုယ်ငွေ့ဟာ ကျွန်တော်တို့ လူသာမန်တွေထက် ပိုအေးတာ မှန်ပေမယ့် Kokonoe samaကျွန်တော့်နားရှိရင် တမျိုးနွေးထွေးသလို ခံစားရတာ ဘာကြောင့်ပါလဲ?

"အမလေး နေထွက်လာခါနီး ပိုချမ်းလာသလိုပဲ"

အေးစိမ့်စိမ့်လေအေးဟာ စေ့ပိတ်ထားတဲ့ ပြတင်းကြားက အခန်းထဲတိုးဝင်လာတော့ ကျွန်တော့်တကိုယ်လုံးတုန်ယင်သွားတယ်!

"Hummm အစောကြီးကို ဒီမြေခွေးကြီးဘယ်သွားလည်းမသိဘူး "

အရင်ဆို ကျွန်တော်နိုးလာသည်အထိ ထခွင့်မပေးသေးပဲ ရင်ခွင်ထဲ ထိုးသိပ်ဖက်ထားတတ်တဲ့ ကျွန်တော့်မြေခွေးကြီးဟာ ဒီနေ့တော့ မနက်စောစောထဲက ပျောက်ချက်သားကောင်းနေတယ်!

ကျွန်တော် ကုတင်ပေါ်က အသာဆင်းရင်း အိပ်ဆောင်ထဲက ထွက်လာခဲ့သည်! ခန်းမဆောင်ထဲ ကျွန်တော်ရောက်တော့ Kokonoe sama က များပြားလှတဲ့ ဆုတောင်းစာလိပ်တွေကြားမှာ အလုပ်ရှုပ်နေတယ်!

"Kokonoe sama ဆုတောင်းစာတွေ များလှချည်လား?"

"သြော် မင်းနိုးပြီလား"

Kokonoe sama က ဆုတောင်းစာတွေဆီက အကြည့်မခွာပဲ ပြန်မေးတယ်!

"ဟုတ် Kokonoe sama!ရာသီဥတုက ပိုအေးလာသလိုပဲ"

ကျွန်တော် Kokonoe sama နောက်ကျောနားကပ်ထိုင်ကာ မှီထားရင်း တိုးတိုးပြောလိုက်တယ်! ခဏအချိန်အတွင်းမှာ ကျွန်တော့်ကိုယ်လေး နွေးထွေးလာသည်! အခန်းထဲမှာ အပြာရောင်မီးတောင်လေးတွေ နေရာအနှံ့ လွင့်မျောလာတယ်! စောစောက အေးစက်နေတဲ့ ခန်းမဆောင်ဟာ အခုတော့ နွေးထွေးတဲ့ မီးလင်းဖိုလေးနား နေနေရသလိုပဲ !

Unbreakable ( Unicode Version )Where stories live. Discover now