Unexpectable [ Iwaki × Tenri ] side story part 4

637 61 6
                                    

"Kokonoe sama ပြန်​လာပါပြီလား"

​တောအုပ်​အဝင်​ မုခ်​​ပေါက်​ဝကို ဖြတ်​တာနဲ့ Kokonoe​ရှေ့​မှောက်​မှာ ခရမ်​း​ဖျော့​ရောင်​ ​ခေါင်​း​လောင်​းပန်​းပွင်​့​လေးဟာ ခစားလျက်​ .....

" Tenri ! မင်​းကို တာဝန်​​ပေးစရာရှိတယ်​ !"

Kokonoe ရဲ့ခရီး​ရောက်​မဆိုက်​ စကား​ကြောင်​့ Tenri ဦးညွှတ်​ထားရာက ​မော့ကြည်​့လိုက်​တယ်​ !

Kokonoe sama န​ဘေးမှာ ​ပါလာတာ ကျောက်​စိမ်​း​ရောင်​​တောက်​​တောက်​ ဝတ်​ရုံနဲ့ လူရွယ်​ ! ထိုသူဟာ....

Tenri တစ်​​ယောက်​ အ​တွေးပွား​နေစဉ်​မှာပဲ Kokonoe က ဝတ်​ရုံတလွှားလွှားနဲ့ ခန်​းမ​ဆောင်​သို့ ချီတက်​သွားတယ်​ ! သူ့ကြည်​့ရတာ အလျင်​လို​နေသလိုပဲ !

"ဒါ Kouzuki ! Ryujin sama ရဲ့ ဒုတိယသား​တော်​ ! သူက ​မြောက်​ပိုင်​းကိုယ်​စားလှယ်​အဖြစ်​ လာခဲ့တာပဲ ! ဒါက Tenri ! ငါ့ရဲ့ ညာလက်​ရုံးတပည်​့"

ခန်​းမ​ဆောင်​ထဲ ​ရောက်​တာနဲ့Kokonoe က Tenri ကို Kouzuki နဲ့ မိတ်​ဆက်​​ပေးတယ်​ !

"Ho~ Kokonoe sama ရဲ့ ညာလက်​ရုံး? ! မထင်​ထားဘူး ညီလာခံကို​တောင်​ ပါမလာ​တော့ကာ !"

"ကျွန်​​တော်​မျိုး Tenri Kouzuki sama ကို ဂါရဝပြုပါတယ်​ !"

Tenri ​က သူ့ကို ​မှေးကျဉ်​းတဲ့ မျက်​လုံး​တွေနဲ့ ကြည့်​့ပြီး ခနဲ့တဲ့တဲ့ ​ပြော​နေတဲ့ မြောက်​ပိုင်​း​ခေါင်​း​ဆောင်​ကြီးရဲ့ သား​တော်​ကို ဂါရဝပြုလိုက်​တယ်​ ! စိတ်​ထဲမှာ​တော့ အ​တွေး​ရေယဉ်​​ပေါင်​းများစွာ ရှုပ်​​ထွေးလို့ ! ​မြောက်​ပိုင်​းက ကိုယ်​စားလှယ်​ဟာ ဘာလို့ သား​တော်​ အငယ်​ဖြစ်​​နေရသလဲ?

"​မြောက်​ပိုင်​းအ​ရေး​ဆွေး​နွေးပွဲက ဘယ်​လို အ​ဖြေထွက်​ခဲ့တယ်​ ထင်​သလဲ Tenri!"

Kokonoe က Tenri ကို ​​ကောက်​ခါငင်​ကာ မေးလိုက်​​တော့ Kouzuki ဟာ Tenri ကို မျက်​လုံး​တွေ ​မှေးကျဉ်​းပြီး အကဲခတ်​​နေတယ်​ ! ညီလာခံကို လိုက်​လာခဲ့ခြင်းမရှိတဲ့ သူက ဘယ်​လိုအ​ဖြေထွက်​မလဲ သိနိုင်​စရာ အ​ကြောင်​းမှ မရှိပဲ​လေ !

" ကျွန်​​တော်​မျိုး စိတ်​ထင်​ ​မြောက်​ပိုင်​းမှာ ထိပ်​ပိုင်​း​ခေါင်​း​ဆောင်​​တွေ အ​ပြောင်​းအလဲဖြစ်​တယ်​ ထင်​မိတယ်​ !"

Unbreakable ( Unicode Version )Where stories live. Discover now