Chapter 3

2.4K 247 1
                                    

သံတိုင်​​တွေကြားက Kokonoe ရဲ့ မျက်​လုံး​တွေက အခန်​းဝကလှမ်​းဝင်​လာတဲ့သူကို မြင်​လိုက်​တဲ့တခဏ စူးရှလို့သွားတယ်​!

"Ho~ အခုကြ​တော့လည်​း သံတိုင်​ကြားမှာ ​​ခွေး​ပေါက်​စ​လေးလိုပါပဲလား Kokonoe sama!"

Kokonoe က Aragami ရဲ့ အ​ထေ့အ​ငေါ့စကား​တွေကို ဂရုစိုက်​ဟန်​မပြပဲ လက်​ထဲက ယပ်​​တောင်​ကို ​အေး​အေးလူလူခပ်​​နေ​လေသည်​! Kokonoe အမူအရာ​ကြောင်​့ Aragami ​ဒေါသပိုထွက်​လာတယ်​!

"အဟက်​ ခဏ​နေလို့ Daikaku sama ​ရောက်​လာရင်​ ဒီလိုအမူအရာ ဆက်​​နေနိုင်​မလား သိချင်​​သေးတယ်​"
"ဒီမှာ Aragami မင်​း ကိုယ်​့ကိုကိုယ်​ သိပ်​ထင်​​နေတာမျိုးက မင်​းအတွက်​ သိပ်​​တော့မ​ကောင်​းဘူးကွ"
"ဘာ!!!!!!!!!! ဒီမှာ ​မြေ​ခွေးအိုကြီး ခင်​ဗျားလည်​း ကိုယ်​့ကိုယ်​ကို အထင်​ကြီး​နေတာ ​လျှော့သင်​့ပြီ အ​ခြေအ​နေ​တွေက အရင်​လိုမှ မဟုတ်​​တော့ပဲ ကိုယ်​့ကိုကိုယ်​ အပြစ်​သားဆိုတာလည်​းသတိရအုံး! "

Aragami စကားအဆုံးမှာ Kokonoe နှုတ်​ခမ်​းတို့က တွန်​့​ကွေးသွားတယ်​!

"​အဟက်​ ခင်​ဗျားဒီလို ပြုံးနိုင်​အုံးမလား​စောင်​့ကြည်​့ရ​သေးတာ​ပေါ့ Kokonoe sama ! လူ​သား​တွေကို မုန်​းတယ်​ဆိုပြီး လူသား​ကောင်​​လေးတစ်​​ယောက်​ကို ချစ်​မိ​နေတဲ့ ခင်​ဗျား ဒီထက်​ပြုံးနိုင်​အုံးမလားလို့​လေ ! ကျုပ်​က​တော့ ကိုယ်​နဲ့အဆင်​့ချင်​းမတူတဲ့ လူသား​တွေကို ကစားစရာတစ်​ခုအပြင်​ ပိုမမြင်​တတ်​ပါဘူး "
"မင်​း!!!"

သံတို်​င်​​တွေကြားက Kokonoe ရဲ့ ပတ်​ပတ်​လည်​မှာ အပြာ​တောင်​မီး​တောက်​ကြီး​တွေ ဟုန်​းကနဲ​တောက်​လာတယ်​ ! သံတိုင်​​တွေ တကျွတ်​ကျွတ်​မြည်​လာပြီး မကြာခင်​အ​ရည်​​ပျော်​သွား​တော့မလိုပဲ....

"​နောက်​ဆုတ်​စမ်​း Aragami!!"

ရုတ်​တရက်​ ထွက်​​ပေါ်လာတဲ့ သြဇာ​ညောင်​းတဲ့ အသံနဲ့တူ ​လေပြင်​းတချက်​အ​ဝှေ့မှာ Kokonoe ရဲ့ အပြာ​ရောင်​မီး​တောက်​​တွေက ဟုတ်​ခနဲငြိမ်​းလို့သွားပြီး Kokonoe ရဲ့ ​ခြေ​ထောက်​​တွေ ညွှတ်​ကျသွားသည်​!

"အ~"

အခန်​းမ​ဆောင်​ထဲလှမ်​းဝင်​လာသူက..... ​ရွှေဝါ​ရောင်​ဆံနွယ်​ရှည်​​တွေ... အစိမ်​း​ရောင်​ မျက်​ဝန်​း​တွေနဲ့......ဖြူလွှလွှကီမိုနို​ပေါ်မှာ ​ဖောင်​းကြွ​နေတဲ့ အစိမ်​း​ရောင်​ နဂါးပုံရိပ်​ပါတဲ့ ဝတ်​ရုံကို ဝတ်​ဆင်​ထားတဲ့.......

Unbreakable ( Unicode Version )Where stories live. Discover now