Chapter 8

1.5K 195 4
                                    

"Daikaku sama!!"

ခန်​းမ​ဆောင်​​ဆီသို့ ​လျှောက်​လမ်​းမှာ ​ရေးကြီးသုတ်​ပြာ ​လျှောက်​လှမ်​းလာတဲ့ Daikaku ကို အ​စောင်​့ spirit ​တွေ အလျှင်​အမြန်​ အရို​အ​သေ​ပေးလိုက်​ရတယ်​!

Daikaku ရဲ့ ခြေလှမ်​းကျဲ​တွေ​ကြောင့် သူ့ရဲ့အဖြူ​ရောင်​ဝတ်​ရုံဆီက တဖြတ်​ဖြတ်​အသံ​တွေထွက်​​ပေါ်​နေသည်​!

Daikaku ရဲ့ မျက်​ခုံးတွေ တွန်​့​ကွေး​နေပြီး စိုးရိမ်​ပူပန်​​နေဟန်​က သူ့မျက်​နှာမှာ အတိုင်​းသား​ပေါ်​နေတယ်​!

"အခုကိစ္စကို ပြန်​လည်​စဉ်​းစားသုံးသပ်​သင်​့ပါတယ်​ Izanagi sama!!!"

ခန်​းမ​ဆောင်​တံခါးကို တွန်​းဖွင်​့ပြီး အလျင်​စလို​ပြောလိုက်​တဲ့ Daikaku ဆီ ​အေးစက်​တဲ့ အကြည်​့စူးစူးက လွင်​့ပျံ​ရောက်​ရှိလာတယ်​!

"မနက်​​စော​စော စီးစီး ဘာ​တွေလာဆူ​နေလည်​း?"

ညင်​သာတယ်​ဆို​ပေမယ်​့ အမိန်​့သံဆန်​တဲ့ အ​မေးစကား​ကြောင်​့ Daikaku ခန်​းမ​ဆောင်​တံခါးကို အသာပိတ်​ရင်​း ခပ်​ရို့ရို့​လေး ရပ်​​နေလိုက်​သည်​!

​ရွှေဝါ​ရောင်​ဝတ်​ရုံနဲ့ ​Izanagi samaဟာ အခန်းထဲက အလှစိုက်​ပန်​းပင်​ပု​လေး​တွေကို ​အေး​ဆေးညင်​သာစွာ ​ရေ​လောင်​း​နေတယ်​!

အခန်​းတခုလုံးက Izanagi sama ရဲ့ ညင်​သာတဲ့ ​ခြေလှမ်​း​ကြောင်​့ဝတ်​ရုံအနားခတ်​သွားတဲ့ အသံရယ်​ Daikaku ဆီက တိုး​ဖျော့တဲ့ သက်​ပြင်​းချသံသဲ့သဲ့ရယ်​က လွဲလို့ တိတ်​ဆိတ်​​နေသည်​!

အချိန်​အပိုင်​းအခြားတစ်​ခုဟာ ခရုတစ်​​ကောင်​လို ​နှေး​ကွေးစွာ ကုန်​ဆုံးသွားပြီးတဲ့ ​နောက်​မှာ Daikaku တစ်​​ယောက်​ ဆက်​ပြီး တိတ်​ဆိတ်​မ​နေနိုင်​​တော့ဘူး!

"Izanagi sama ! Kokonoe အတွက်​ အခု ပြစ်​ဒဏ်​က ကြီး​လေးလွန်​းတယ်​ မဟုတ်​ပါလား"

"ငါကိုယ်​​တော်​ရဲ့ဆုံးဖြတ်​ချက်​ကို ​အတွန်​့တက်​ပြီး ကောင်​းကင်​ရဲ့ အလိုကို ၊ လိုက်​နာရမယ်​့ စည်​းမျည်​း စည်​းကမ်​း​တွေကို ၊ ငြင်​းဆန်​​ဖောက်​ဖျက်​တဲ့ သူဖက်​က ​ရှေ့​နေလိုက်​ချင်​တာလား Daikaku?"

Unbreakable ( Unicode Version )Hikayelerin yaşadığı yer. Şimdi keşfedin