Chapter 13

1.3K 202 1
                                    

"အ...အားးးးးးးး~"

Okami တစ်​ကိုယ်​လုံး ဓာတ်​လိုက်​သလို ဖြစ်​သွားပြီး ဂူနံရံဆီလွင်​့စင်​သွားတယ်​!

"အဟွတ်​.....ဟွတ်​....ဘာလည်​းဟ? ဒီ....ဒီလူက.."

Iori က တုတ်​တုတ်​မျှမလှုပ်​..... အိပ်​​နေရင်​း တစ်​ဖက်​ကို ​စောင်​းလိုက်​ပြီး Okami ငုံခဲလိုက်​တဲ့ လည်​ပင်​းကို ကုတ်​​နေ​သေးတယ်​! သူ့အထင်​ ခြင်​ကိုက်​တယ်​လို့များ ထင်​​နေသလားမသိ!

Okami ကုန်​းထလာပြီး ခပ်​လှမ်​းလှမ်​းက​နေ Iori ကို စီးမိုးကြည်​့လိုက်​တယ်​!

Iori ရဲ့ ဘယ်​ဖက်​ရင်​အုံမှာ အလင်​း​ရောင်​​လေးထွက်​​နေတာ မြင်​ရ​လေသည်​!

"ဘာလည်​းဟ?"

Okami က မျက်​ခုံးတို့ တွန်​့ကွေးလိုက်​ပြီး Iori အကျီ​လေးကို အသာလှပ်​ကြည်​့လိုက်​တယ်​!

Iori ဘယ်​ဘက်​ရင်​အုံမှာ လင်​းလက်​​နေတဲ့ အမှတ်​တံဆိပ်​​လေးတစ်​ခု.......

"Kokonoe?"

Okami စဉ်​းစားခန်​းဝင်​သွားတယ်​! Kokonoe ရဲ့ ပိုင်​ဆိုင်​မှုက ဘာလို့ ဒီ​တောအုပ်​ထဲက သူ့ရဲ့ ပိုင်​နက်​ထဲ ​ရောက်​​နေရသလည်​း ဆိုတာပဲ! ​နောက်​ပြီး ဒီလို တံဆိပ်​ ခတ်​နှိပ်​ထားတဲ့ ပိုင်​ဆိုင်​မှုဆိုတာ ​တော်​ရုံအစွမ်​းသတ္တိနဲ့ လုပ်​လို့ရတဲ့အရာမဟုတ်​....သာမန်​အကာအကွယ်​ မန္တာန်​ဆို ကိုယ်​နဲ့အနီးအနား ပတ်​ဝန်​းကျင်​မှာပဲ အစွမ်​းသတ္တိရှိနိုင်​သည်​! အခုလို ပိုင်​ဆိုင်​မှု တံဆိပ်​က​တော့ ဘယ်​​နေရာ​ရောက်​​ရောက်​ အန္တရာယ်​မှ ကာကွယ်​နိုင်​တဲ့ အကာအကွယ်​တစ်​ခုဖြစ်​သလို ဒါမျိုးလုပ်​မယ်​ဆိုလည်​း ကိုယ့်​စွမ်​းအား တဝက်​​လောက်​ကို သုံးပြီး သူ့ဆီမှာ ထည်​့​ပေးထားရတာမျိုး.....အင်​မတန်​အ​ရေးကြီးတန်​ဖိုးထားတဲ့အရာမှ ဒီတံဆိပ်​ခတ်​နှိပ်​ကြပြီး.... ဒီအရာဟာ လူသားဖြစ်​​နေတာ အံ့သြစရာ​ကောင်​းတယ်​...အဲ့ဒီ့လူသားဟာ Kokonoe လို လူသား​တွေကို မုန်​းတီးတယ်​လို့ နာမည်​ကြီးတဲ့ မာနကြီးကြီး ဘဝင်​ခပ်​မြင်​့မြင်​့ fox spirit ရဲ့ အဖိုးတန်​ဖြစ်​​နေတာက ပိုအ့ံသြစရာ​ကောင်​းသည်​!

Unbreakable ( Unicode Version )Tempat cerita menjadi hidup. Temukan sekarang