Chapter 4

1.9K 247 1
                                    

"ဘယ်​က​ကြောင်​လဲ?"
"nyaaaaaaaaaa!!!!!!!"

*(Iori.....မ....မဟုတ်​ဖူး!)*

Tenriမြင်​​နေရတဲ့သူက နက်​​မှောင်​တဲ့ ဆံပင်​တိုတို​တွေ မျက်​လုံးဝိုင်​းဝိုင်​း​တွေရှိတဲ့ Iori နဲ့ ချွတ်​စွပ်​တူ​ပေမယ်​့ Iori မဟုတ်​ဖူးဆိုတာ Tenri အတတ်​သိတယ်​ ! အခုဒီလူက Iori ​လောက်​ နူးညံ့ပုံမရ !

*(ဒါ.....ဒါဟိုအ​ကောင်​​လေး မဟုတ်​ဖူး.....အနံ့က Iori အနံ့မဟုတ်​ဖူး! ဘယ်​သူလည်​း? ဘာလို့ချွတ်​စွပ်​တူ​နေရတာလည်​း?)*

"Iwaki!! လက်​ထဲကဘာလည်​း?"

​နောက်​​ကျောဆီက အမြဲတ​စေ စူးရှ​နေတဲ့ အသံ​ကြောင်​့ Iwaki လက်​ထဲ​ပွေ့ထားတဲ့​ကြောင်​ကို ဂုတ်​က​နေဆွဲကိုင်​​မြှောက်​ပြလိုက်​တယ်​!

"​ကြောင်​တ​ကောင်​ပါ​မေ​မေ! ​သေ​တော့မှာလားမသိဘူး ဒဏ်​ရာ​တွေနဲ့! ခြံထဲ​တွေ့တာနဲ့ သွားလွတ်​ပစ်​မလို့!"

Iwaki ရဲ့ ​အေးစက်​စက်​​လေသံ​ကြောင်​့ Tenri ​ကျောချမ်​းသွားတယ်​! Iwaki ​မေ​မေဆိုသူက​တော့ နှာ​ခေါင်​းတစ်​ချက်​ရှုံ့လိုက်​ပြီး......

"Iwaki ဒီလိုညစ်​ညစ်​ပတ်​ပတ်​ကိစ္စ​တွေ သားကိုယ်​တိုင်​လုပ်​စရာမလိုဘူး​လေ ! ဘယ်​သူမှ မရှိကြဘူးလား!!!!!! ​Mira!!!!!"

​ခေါ်သံ​ကြောင်​့ မိန်​းက​လေးတ​ယောက်​ အနားကို အလျင်​အမြန်​​ရောက်​လာတယ်​!

"သခင်​မ ဘာခိုင်​းမလို့ပါလည်​း!?"
"နင်​့သခင်​​လေး လက်​ထဲက ​ကြောင်​ကို တ​နေရာသွားပစ်​စမ်​း"
"ဟုတ်​ကဲ့ပါ သခင်​မ"

Mira ဆိုသူ မိန်​းက​လေးက Iwaki လက်​ထဲက ​ကြောင်​ကို​တောင်​းယူလိုက်​တယ်​! Iwaki က Mira လက်​ထဲ​ကြောင်​ကိုထည်​့လိုက်​ပြီး လက်​မှာ​ပေကျန်​​နေခဲ့တဲ့ ဖုန်​​တွေကို ခါထုတ်​လိုက်​​လေသည်​!

"Iwaki စာဖတ်​ခန်​းကို လာခဲ့အုံး ​မေ​မေ​ပြောစရာရှိတယ်​"
"ဟုတ်​ကဲ့ပါ ​မေ​မေ"

Shijou သခင်​မထွက်​သွားသည်​နှင်​့ Mira လည်​း သခင်​​လေး Iwaki ကို အရိုအ​သေ​ပေးပြီး လှည်​့အထွက်​........

"Mira!!"
"ah.....သ...သခင်​​လေး!"

Mira ရဲ့ လက်​​မောင်​းကို Iwaki က လှမ်​းဆွဲလိုက်​တာ​ကြောင်​့ Mira လန်​့ဖြန်​့သွားတယ်​!

Unbreakable ( Unicode Version )Where stories live. Discover now