Chapter 16

1.5K 204 1
                                    

*နွေးလိုက်တာ*

ကျွန်တော် သတိရလာတော့ နွေးထွေးတဲ့ ရင်ခွင်ထဲမှာဖြစ်သည်! ကာလရှည်ကြာ ကျွန်တော်လွမ်းဆွတ်နေခဲ့ရတဲ့ ထိုရင်ခွင်.....Kokonoe sama ရဲ့ ရင်ခွင်.....

ကျွန်တော် ရင်ခွင်ထဲပိုတိုးဝင်လိုက်သည်!

"Iori ? သတိရလာပြီလား?"

"အင်း"

ရင်ခွင်ထဲကမော့ကြည့်မိတော့ Kokonoe sama ရဲ့ အပြုံးနုနုကို မြင်ရတယ်!

*အာ......ရင်တွေ ရုတ်တရက် ခုန်မြန်လာတာ ဘယ်လိုလုပ်ရမလည်း???*

"အဟက်ဟက်"

Kokonoe sama ကျွန်တော့်စိတ်ကို ဖတ်ပြန်ပြီထင်သည်! သူက သဘောကျစွာ ရယ်မောတယ်!

ခေါင်းမော့ပြီး ရယ်မောလိုက်တဲ့အခါ Kokonoe samaရဲ့ ငွေမှင်ဆံနွယ်တွေဟာ ခါရမ်းသွားတယ်!

"Kokonoe sama ကျွန်တော့်စိတ်ကို ဖတ်ပြန်ပြီလား!!!!"

ခရမ်းချဉ်သီးမျက်နှာနဲ့ Iori က  သူ့လက်သီးဆုတ်သေးသေးတွေနဲ့ ထုပြီး အော်ဟစ်နေတယ် ! Kokonoe ကတော့ တောမသပ် သဘောကျဟန်နဲ့ ရယ်မောနေသည်!

"တော်တော့Iori ငြိမ်ငြိမ်နေစမ်း မင်းဒါဏ်ရာတွေက သွေးတွေ ပိုထွက်လာလိမ့်မယ်"

"Kokonoe sama က ကျွန်တော့်ကို ဘာလို့ရယ်နေလည်း!!!!!"

"ငြိမ်ငြိမ်နေဆို"

Iori က အရှက်သည်းလေ Kokonoe က ပို စ လေ နဲ့ နှစ်ယောက်သားက ဆူညံနေသည်!

"ဟိတ် ဝေါယာဉ်ပေါ်မှာ မင်းတို့နှစ်ယောက်ထဲ မဟုတ်ဖူး နားငြီးတယ်"

Daikaku စကားကြောင့် ဆူညံနေတဲ့ နှစ်ယောက်တိတ်သွားတယ်!

Kokonoe ရင်ခွင်ထဲက Iori က Daikaku ကို အားနာဟန်နဲ့ ခပ်ဖျော့ဖျော့ပြုံးပြတယ်! Kokonoe ကတော့ သူ့ဆံပင်တွေကို တချက်သပ်တင်ပြီး Daikaku စကားကို မကြားသယောင်ပြုကာ Iori ကို ကလိထိုးနေသည်!

"Arrrrr hahahaha Kokonoe sama မ...မလုပ်....ဟီးဟီးဟီး.....Ko....hahahahaha.....Kokonoe sama......ယား....ယား...တယ်.....arrr....ha....."

*sigh*

Daikaku သက်ပြင်းချလိုက်သည်! သူ Kokonoe ကို လုံးဝမနိုင်ချေ.....

လေထုထဲ ခွင်းပြီး ပျံသန်းနေတဲ့ ဝေါယာဉ်ရှေ့ဦးပိုင်းမှာ ထိုင်နေတဲ့ Kaname ကို Daikaku လှမ်းအချက်ပြလိုက်တယ်!

Unbreakable ( Unicode Version )Where stories live. Discover now