Irreplaceable [ Kaname × Daikaku ] side story part 3

902 129 3
                                    

*ချွင်* *ချွင်* *ချွင်*

တောအုပ်တံခါး မုတ်ပေါက်ဆီက လေနဲ့အတူပါလာတဲ့ ချူသံလေး.....

ကာလရှည်ကြာစွာ Iori လွမ်းဆွတ်နေခဲ့တဲ့ ချူသံလေး......

Iori ခန်းမဆောင်ထဲက အပြေးထွက်လာမိသည်! Kokonoe sama ပြန်ရောက်လာပြီထင်တယ်!

"Kokonoe sama!!!"

တံခါးမုတ်ပေါက်ဝကနေ လှမ်းဝင်လာတဲ့ ချပ်ဝတ်တန်ဆာ အပြည့်အစုံ၊ ခန့်ညားတဲ့ ကိုယ်ဟန် ၊  နေရောင်ကြောင့် အရောင်လက်နေတဲ့ ငွေမှင်ရောင်ဆံနွယ်ရှည်တွေ ၊ အမြဲဝင့်ကြွားနေဟန် မျက်နှာပေါ်က ခနိုးခနဲ့ အပြုံးနဲ့ Kokonoe sama ကို မြင်လိုက်ရတယ်!

"Kokonoe sama ! ပြန်လာပြီလား? ပင်ပန်းလာတယ်မဟုတ်လား အနားအရင်ယူမလား ရေအရင်ချိုးမလား ဟို..."

"ငါ နန်းဆောင်ကို မဝင်သေးဘူး Iori ! Izanagi sama ဆီ အစီရင်ခံရအုံးမယ် နောက်ပြီး ဦးစီးမယ့်သူမရှိတဲ့ Daikakuစစ်တပ်ကိုလည်း သူ့ဆီ ပြန်ပို့ပေးရအုံးမယ် !"

"Daikaku sama ဆီ? စစ်တပ်ကို ? Kaname san က ဘယ်ရောက်...."

Iori စိတ်ထဲ ထိတ်ကနဲ ဖြစ်သွားတယ် ! Kokonoe sama ပုံစံကတော့ ပင်ပန်းနွယ်နယ်နေဟန် တစုံတရာထူးထူးခြားခြားဖြစ်ဟန် တစိုးတစိမှ မရှိပေမယ့် Daikaku sama ရဲ့ အရန်စစ်တပ်က ဘာများဖြစ်လို့လည်း? Kaname san ဘာများဖြစ်လို့ စစ်တပ်က ဦးစီးမယ့်သူ မရှိတော့တာလည်း?

"Kaname san ဘာဖြစ်လို့လည်း Kokonoe sama! သူ...."

Iori စိုးရိမ်တကြီးဖြစ်လာတာနဲ့အမျှ Kokonoe မျက်ခုံးတွေက အလိုမကျဟန်ဖြစ်လာသည်!

"နေစမ်းပါအုံး Iori ! ငါအခု စစ်မြေပြင်ကပြန်လာတာပါ! မင်းရဲ့ ပိုင်ရှင်ကလည်း ငါပါ ! ငါ့ရှေ့ထားပြီး ဘယ်သူ့ကို စိတ်ပူနေတာတုန်း?"

"အဲ"

Kokonoe sama က မှုန်ကုတ်ကုတ်နဲ့ Iori ကိုကြည့်နေတယ်! Iori လျှာလေးတစ်လစ် ဇက်ကလေးပုပြီး ရယ်ကျဲကျဲနဲ့ လျောချရတော့သည်!

"မဟုတ်ပါဘူး Kokonoe sama ရဲ့ Kaname sanဘာများဖြစ်လို့ ကျွန်တော့် Kokonoe sama အလုပ်တွေ ပိုလာသလည်းလို့ တွေးမိလို့ပါ"

"Hump 😒 ငါ့ကို လှည့်စားချင်နေပါလား? လူသားတွေ ခက်တယ်"

Kokonoe sama က မျက်နှာကို မဲ့ပြီးပြောတယ်!

Unbreakable ( Unicode Version )حيث تعيش القصص. اكتشف الآن