Halloween Party - Part 1

1.3K 141 8
                                    

Happy Halloween eve mina.....😍

အစက Halloween အတွက်ကို မနှစ်က ရေးပြီးပြီမို့ ဒီနှစ် Special မရေးတော့ဘူးလို့ စိတ်ကူးပေမယ့် သူတို့ကို Halloween ပါတီ တစ်ခု လုပ်ပေးဖို့ စဉ်းစားမိရင်း ရေးဖြစ်သွားတာပါ....

Let's enjoy halloween party together mina !

🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃🎃

"Kokonoe sama !!!!!!!!!!!"

"ဘာဖြစ်လာတာတုန်း Iori မနက်စောစောစီးစီး ဆူညံနေတာပဲ ! မင်းက ငါ့တောအုပ်ထဲက ငှက်တွေထက်တောင် ဆူသေး"

Kokonoe sama က ငှက်တွေကို အစာကျွေးနေရာက မျက်မှောင်ကျုတ်ပြီး လှည့်ကြည့်တယ်!

"Kokonoe sama ဘာလုပ်နေတာလည်း?"

"မင်း မမြင်ဘူးလား ငါ ငှက်စာကျွေးနေတာလေ"

"အယ်!!!!!!! Kokonoe sama က ငှက်စာကျွေးတယ်!!!!!!"

ကျွန်တော် မယုံနိုင်ဘူး ! Kokonoe sama က ဒီလို ငှက်စာကျွေးလိမ့်မယ်လို့ ယုံကို မယုံနိုင်ဘူးရယ်!

"ဘာတုန်း ! ငါ ငှက်စာကျွေးတာ အထူးအဆန်းလား ထအော်နေရအောင်"

"ဟို....ကျွန်တော်က Kokonoe sama ဒီလိုတွေလုပ်လိမ့်မယ် ထင်ကို မထင်တာ"

"Hump ! "

Kokonoe sama က တဖက်ကို ပြန်လှည့်သွားသည်! သူ့လက်ထဲက ဆန်စေ့တွေကို ကျဲပက်လိုက်တဲ့ အခါ ငှက်တွေက ကျီကျီကျာကျာ အော်ရင်း စားနေကြတယ်!

နှင်းဝေတဲ့ ဆောင်းဦးရဲ့ မနက်ခင်းမှာ တောအုပ်က ငှက်ကလေးတွေ အသံရယ် Kokonoe sama ဝတ်ရုံက ခြူသံလေးရယ်နဲ့ သာယာလို့နေသည်!

မနက်ခင်း နေရောင်ဖျော့ဖျော့အောက်က အပြာနုရောင် ကီမိုနို ......

ငွေမှင်ရောင် ဆံနွယ်ရှည်တွေနဲ့ Kokonoe sama ဟာ ထည်ဝါလို့.......

"Ahhhhhhhhhhh!!!!"

ကျွန်တော် ထအော်လိုက်တော့ ငှက်တွေက လန့်ပြီး ပြန်ပြေးကုန်တယ်!

"Iori ! မင်းဘာဖြစ်နေတာလည်း? ငှက်တွေ ပျံသွားကုန်ပြီ!!!"

Kokonoe sama က မျက်ထောင့်နီနဲ့ လှည့်ကြည့်လေသည်! သူ့မျက်နှာမှာ ဒေါသရောင်လွှမ်းနေတယ်!

"အဲ.....ဟို .....တောင်း.....တောင်းပန်ပါတယ် Kokonoe sama ကျွန်တော်....ကျွန်တော် ပြောစရာရှိတာ မေ့နေတာ သတိရသွား..သွား.....Kokonoe sama....ဘာ....ဘာလုပ်မလို့..?"

Unbreakable ( Unicode Version )Where stories live. Discover now