Unexpectable [ Iwaki × Tenri ] side story part 6

587 64 0
                                    

"Izanagi sama ဆီ သဝဏ်​​ပေးပို့ဖို့ ကိုယ်​စားလှယ်​အဖြစ်​လွှတ်​လိုက်​တဲ့ Kouzuki sama ပြန်​​ရောက်​လာပါပြီ Oorochin sama !"

ခန်​းမ​ဆောင်​ထဲ ကပျာကယာဝင်​လာပြီး ​လျှောက်​တင်​တဲ့ ငယ်​သား တစ်​​ယောက်​ရဲ့ စကား​ကြောင်​့ Oorochin မျက်​​မှောင်​ကျုတ်​သွားတယ်​ !

"​နောက်​ပြီး Kouzuki sama နဲ့အတူ Izanagi sams ဆီက ကိုယ်​စားလှယ်​တစ်​​ယောက်​လည်​းပါလာပါတယ်​ "

"ဘာ!!!!"

Oorochin မျက်​နှာက မည်းကနဲ ! သူ့မျက်​နှာဟာ ​ဒေါသ​ကြောင်​့ တွန်​့လိမ်​​နေတယ်​ ! အ​စောင်​့ ငယ်​သား လည်​း ​ရှေ့ဆက်​​လျှောက်​တင်​ဖို့ရာ ခပ်​လန့်​့လန်​့ဖြစ်​​နေသည်​ !

မသကာ သူ့ဟာသူ​ဒေါသထွက်​တာ ကြားက ပြာကျ​နေမှဖြင်​့ ...

သို့​သော်​ မ​လျှောက်​တင်​လို့ကလည်​း မဖြစ်​သည်​မို့ ...

" ဟို ... အဲဒါ အခု Kouzuki sama က Oorochin sama ကို ဝင်​​တွေ့ခွင်​့​တောင်​း​နေ​ကြောင်​းပါ !"

Oorochin ဆီက ချက်​ချင်​း တုန်​့ပြန်​သံ မထွက်​​ပေါ်လာ ! ဦး​ခေါင်​းကို ညွှတ်​ထားတဲ့ အ​စောင်​့ဟာ ထိတ်​လန်​့မှု​ကြောင်​့ အနည်​းငယ်​တုန်​ယင်​​နေတယ်​ !

ခဏအကြာမှ ....

"​ကောင်​းပြီ သူတို့ကို ​ခေါ်ခဲ့ !"

"အမိန်​့အတိုင်​းပါ "

Oorochin ဆီက အမိန်​့ရတာနဲ့ အ​စောင်​့ဟာ ​လေထဲမှာ အခိုးအ​ငွေ့လို ​သုတ်​​ချေတင်​ ပျောက်​ကွယ်​သွားတယ်​ !

မကြာမှီ Oorochin ရဲ့ ခန်​းမ​ဆောင်​ဝက အသံထွက်​​ပေါ်လာသည်​ !

" ကျွန်​​တော်​မျိုး Kouzuki ပြန်​​ရောက်​ပါပြီ Oorochin sama !"

ညီအကိုချင်​းဖြစ်​​ပေမယ်​့ အ​ခေါ်အ​ဝေါ်​တွေဟာ သူစိမ်​းဆန်​​နေတာ​ကြောင်​့ သူတို့ကြားထဲက အကျိတ်​အခဲဟာ မည်​မျှကြီးမားမည်​ဆိုတာ Tenri ရိပ်​မိလိုက်​တယ်​ ! တကယ်​​တော့ Oorochin ဟာ သူ့ရဲ့ ညီအရင်​းကို​တောင်​ ​သေတွင်​းကို တမင်​ပို့ခဲ့​သေးတာပဲ​လေ ! ဒီအချက်​နဲ့တင်​ Oorochin ဟာ သူသွားမည်​့လမ်​းမှာ ​တွေ့တဲ့ ခလုတ်​ကသင်​းမှန်​သမျှ နင်​း​ချေ ဖျက်​စီးပစ်မယ်​့သူဆိုတာ သိသာလှတယ်​ !

Unbreakable ( Unicode Version )Where stories live. Discover now