Unexpectable [ Iwaki × Tenri ] side story part 1

911 78 5
                                    

ပင်​လယ်​ ပြာပြာ ၊ ​ကောင်​းကင်​ ပြာပြာ တ​လောကလုံးကို အပြာ​ရောင်​​တွေနဲ့ချည်​း လွှမ်​းခြုံထားခဲ့ရာက မကြာခင်​ ကမ်​းကပ်​​တော့မည်​မို့ ခပ်​​ဝေး​ဝေးက မှိုင်​းညို့ညို့ အမိ​မြေကို လှမ်​းမြင်​​နေရပြီဖြစ်​သည်​! သင်္ဘောကုန်းပတ်ပေါ်တွင်​ လူအများက မြင်​​နေရတဲ့ ကမ်​း​ဆီ လှမ်​း​မျှော်​ကြည်​့ရင်​း စကားသံတို့ ဆူညံ​နေတယ်​ !

န​ဘေးက လက်​ဆွဲ​သေတ္တာကို ​ကောက်​ဆွဲကာ Iwaki ထရပ်​လိုက်​တယ်​ ! ကာလရှည်​ကြာ ခွဲခဲ့ရတဲ့ အမိ​မြေကို ခပ်​​ဝေး​ဝေးက လှမ်​းမြင်​ရုံနဲ့ Iwaki ရင်​ခုန်​မြန်​လာသည်​! ဝတ်​ထားတဲ့ ကုတ်​အကျီကို အသာဆွဲချရင်​း ခုန်​မြန်​​နေတဲ့ နှလုံးကို ငြိမ်​လိုငြိမ်​ငြား  အသက်​ကို ပြင်​းပြင်​းရှုသွင်​းလိုက်​တယ်​ !

​လေထု .....

ရှုသွင်​းလိုက်​တဲ့ ​လေထုထဲ ချယ်​ရီရနံ့​တွေပါလာသလိုပဲလို့ အာရုံထဲ ထင်​မိ​အောင်​ကို အမိ​မြေကို Iwaki လွမ်​း​နေခဲ့သည်​! အဲဒီ့​နောက်​ ဒီနှစ်​ သတ္တပတ်​လုံး စိတ်​နှလုံးတစ်​ခုလုံးကို ဖုံးလွှမ်​းထားခဲ့တဲ့ အမိ​မြေတစ်​​နေရာက ခရမ်​း​ဖျော့​ရောင်​​လေးကိုလည်​း ​တွေ့ချင်​လှပြီဖြစ်​သည်​!

__________ Unexpectable ___________

"Kokonoe sama ဒါ ဒီ​နေ့ အစည်​းအ​ဝေးပွဲ မှာ တင်​ပြဖို့ အ​ကြောင်​းအရာ​တွေပါ ! ​မြောက်​ပိုင်​းအ​ရေးကို Izanagi sama က ​စေ့​စေ့ဆိုင်​ဆိုင်​​ဆွေး​နွေးမယ်​လို့ပဲ ဆုံးဖြတ်​ထားတဲ့အတွက်​ ​ဆွေး​နွေးပွဲမှာ တက်​​ရောက်​ဖို့ ဖိတ်​ရမယ်​့ လူစာရင်​းကို ကျွန်​​တော်​ ပြုစုထားပါတယ်​ !"

"​အေး ​ကောင်​းပြီ Tenri ! ဒါနဲ့ မင်​း​ရောဘယ်​လိုထင်​လဲ? ငါက​တော့ ဒီ​ဆွေး​နွေးပွဲကို အရာထင်​မယ်​လို့ကို မထင်​တာ ! တခါတခါ Izanagi sama က ဘာ​တွေ​တွေးမှန်​း မသိဘူး ! ​စေ့ဆိုင်​​ဆွေး​နွေးလို့ အ​ဖြေထွက်​လာမှာ မဟုတ်​မှန်​း သိသားနဲ့ကို ..."

Kokonoe က Tenri ​ပေးတဲ့ စာရွက်​လိတ်​က နာမည်​စာရင်​းကို တချက်​ကြည်​့ရင်​း မ​ကျေမနပ်​​ပြော​နေတယ်​ ! သူ့အ​နေနဲ့ စားပွဲဝိုင်​းထိုင်​​ဆွေး​နွေးတာမျိုးကို အင်​မတန်​ စိတ်​မရှည်​သလိုပဲ!

Unbreakable ( Unicode Version )Where stories live. Discover now