Chapter 9

1.3K 218 1
                                    

"အ~"

ရင်​ဘတ်​ထဲက စူးကနဲ နာကျင်​မှု တစ်​ခုနဲ့ အတူ ကျွန်​​တော်​ လန်​့နိုးလာတယ်​!

ခန်​းမ​ဆောင်​အလယ်​မှာ ကျွန်​​တော်​ တစ်​​ယောက်​ထဲ ..... အရာရာက သံသယဖြစ်​ဖွယ်​တိတ်​ဆိတ်​လို့​နေသည်​!

"Kokonoe sama?"

​စော​စောကတင်​ အိပ်​​မောကျ​နေတဲ့ Kokonoe samaက ဘယ်​​ရောက်​သွားလည်​း? ဒီလိုနဲ့ သူ​ပျောက်​သွားခဲ့မှာကို မသိပဲ ကျန်​ခဲ့မှာ စိုးလို့ တင်​းတင်​းကျပ်​ကျပ်​ ဖက်​တွယ်​ထားခဲ့တာ​တောင်​ ကျွန်​​တော်​ မသိလိုက်​ချိန်​မှာ Kokonoe samaက မရှိ​တော့ဘူး!

ကျွန်​​တော်​ ကုတင်​​ပေါ်က အသာဆင်​းလိုက်​သည်​အထိ ရင်​ဘတ်​​ပေါ်က အမာရွတ်​​လေးဆီက ပူ​လောင်​​နေမှုက ​လျော့ပါးမသွား​သေး!

ရင်​ဘတ်​ကို တင်​းတင်​းဆုတ်​ရင်​း ခန်​းမ​ဆောင်​​ရှေ့ထွက်​လိုက်​​တော့ Tenri က အ​ဝေးကို ​ငေးရင်​း အသက်​မဲ့သူလို ရပ်​​နေသည်​!

"Tenri.....Kokonoe sama ​ရော?"

ကျွန်​​တော်​့​မေးခွန်​းက အရမ်​းများ ခက်​ခဲသွားလား?

ကျွန်​​တော်​့ကို လှည်​့ကြည်​့လာတဲ့ Tenri ရဲ့မျက်​နှာမှာ ကျွန်​​တော်​ အဓိပ္ပာယ်​​ဖော်​ဖို့ ခက်​တဲ့ အမူအရာရှိ​နေတယ်​! ကျွန်​​တော်​့ရင်​ထဲ စိုးရိမ်​စိတ်​က ပိုမို ကြီးစိုးလာသည်​!

"Kokonoe sama ​ရော"

ကျွန်​​တော်​ ထပ်​​မေးလိုက်​တယ်​ !

Tenri က တိတ်​ဆိတ်​​နေသည်​!

ရင်​ဘတ်​ကို ဆွဲဆုတ်​ထားရင်​း ခန်​းမ​ဆောင်​ထဲက ထွက်​လာပြီး မျက်​လုံးဝိုင်​းဝိုင်​းနဲ့ ​မေး​နေတဲ့ Iori ကို ဘယ်​လိုပြန်​​ဖြေရမလည်​း ? Tenri ဆွ့ံအ​နေတယ်​!

Iori က တဖြည်​းဖြည်​းသူ့နား​ရောက်​လာတယ်​! သူ့မျက်​ဝန်​းထဲမှာ တချို့တဝက်​ ရိပ်​မိ​နေပြီး Tenri ကို အတည်​ပြုခိုင်​​း​စေချင်​ဟန်​ရှိ​နေသည်​!

"Tenri....Kokonoe sama....က..."

"အစည်​းအ​ဝေးသွားတာ ပြန်​လာမှာ...."

"မညာနဲ့! မညာနဲ့!!!!!!!! "

Tenri အမှန်​အတိုင်​း မ​ဖြေရက်​လို့ ...... ဖုံးထားလို့မရနိုင်​မှန်​းသိလျှက်​နဲ့ လွှဲ​ဖြေခဲ့​ပေမယ်​့လည်​း မရခဲ့ပါ!

Unbreakable ( Unicode Version )Where stories live. Discover now