Human are curious creatures [ special extra ! Kokonoe sama's inner thought ]

842 88 2
                                    

တောအုပ်​ဟာ တိတ်​ဆိတ်​တယ်​ ၊ ​အေးချမ်​းတယ်​ .....

"Kokonoe sama!!!!!!!! Kokono....အမ​လေး !"

*ဒုန်​း*

*ဝုန်​း*

" အား လာ လာ...နာလိုက်​တာ"

ဆု​တောင်​းစာ​တွေဖတ်​​နေတဲ့ Kokonoe မျက်​ခုံး​တွေ တွန်​့​ကွေးသွားတယ်​ !

ဒီ​တောအုပ်​ငြိမ်​းချမ်​းတယ်​ဆိုတာ အဲဒီ့အ​ကောင်​​ပေါက်​စ မ​ရောက်​လာခင်​ကပါ​လေ ...

လူသား​တွေ ​ပျော့ညံ့တယ်​ ထိခိုက်​ကျိုးပဲ့လွယ်​တယ်​ အဲ့ဒါအပြင်​ အခုလို ရှပ်​ပြာပြာနိုင်​တယ်​ ပြာယာခတ်​တယ်​ ဆူညံတယ်​ ဒီ့အတွက်​ ပိုမုန်​းမိတယ်​ ....ဒါ​ပေမယ်​့လည်​း Iori နန်​း​ဆောင်​ထဲကို ထုံးအစံအတိုင်​း ဆူညံစွာဝင်​လာတာကို Kokonoe နှင်​မထုတ်​မိဘူး!

"ဟို ... Kokonoe sama ဆု​တောင်​းစာ​တွေ ဖတ်​​နေတာလား အများကြီးပဲ ! ကျွန်​​တော်​ စာလိတ်​​တွေ ကူစီ​ပေး...."

"​တော်​စမ်​း လာမရှုပ်​စမ်​းနဲ့ ငြိမ်​ငြိမ်​​နေ ! မိုးလင်​းထဲက ဆူညံ​နေတာ !"

Kokonoe ရဲ့ ​ခေါက်​​ငေါက်​​ငေါက်​အသံ​ကြောင်​့ Iori တုန်​သွားတယ်​ ! တုန်​သွားတာ ယုန်​သူငယ်​လိုပဲ ! အသည်​းငယ်​တာလည်​း ယုန်​​လောက်​နီးနီးရှိမယ်​ ! မသိရင်​ သူပဲ အပြစ်​လုပ်​မထားသလိုလို သူပဲ နစ်​နာသူလိုလို နဲ့ လူသား​တွေ မာယာများသည်​!

Ioriက သူ့ဒူး​ခေါင်​း​လေး ပွတ်​ရင်​း ငြိမ်​​နေပြန်​ ​တယ်​ ! ​ဒါစော​စောက ​ချော်​လဲလို့ နာ​နေတာကို ဖုံး​ကွယ်​ထားတာပဲ !

အဲ့ဒီလို ဖုံးကွယ်​တတ်​တာကို မုန်​းတယ်​ ! ဒါ​ပေမယ်​့ Iori မျက်​နှာ ရှုံ့မဲ့​နေတာကို ပိုမုန်​းမိတယ်​ထင်​တယ်​ !

"မင်​းဝတ်​ရုံကို လှန်​စမ်​း!!!"

"ဟင်​...Ko..Kokonoe sama"

Iori စကားသံ​​တွေဟာ စိတ်​မရှည်​ချင်​စရာ အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြစ်​သွားပြီး သူ့မျက်​နှာက ချက်​ခြင်​း မက်​မုံသီးလို ပန်​း​ရောင်​သန်​းလာတယ်​ !

အဲ့သလို စိတ်​မရှည်​ချင်​စရာ​တွေကိုလည်​း မုန်​းတယ်​ ! ဒါ​ပေမယ်​့......

Unbreakable ( Unicode Version )Where stories live. Discover now