Irreplaceable [ Kaname × Diakaku ] side story part 4

1.1K 138 14
                                    

"Sagami?"

"Kaname nii san ဟုတ်နေတာပဲ"

Sagami က ပိုပြီးပြုံးလာတယ် ! သူ့ပုခုံးမှာ လွယ်ထားတဲ့ လေးနဲ့ မြားကျည်ထောက်ကို ပစ်ချပြီး Kaname ကို ပြေးဖက်တယ်!

"nii san မတွေ့ရတာ အရမ်းကိုကြာနေပြီပဲ"

"အင်း.... မင်းတောင် ဒီလောက်ကြီးလာပြီ ငါ Daikaku sama နဲ့ လိုက်သွားတုန်းက မင်းက ခြံထဲမှာ လိပ်ပြာလေးတွေ လိုက်ပြေးဖမ်းနေတုန်းပဲ ရှိသေးတာ "

"Heee Hee "

Kaname က Sagami ဆံပင်တွေကို ဖွပြီးပြောတော့ Sagami က ရယ်တယ် !

"အဖေတို့က nii san ကိုပြန်ခေါ်ထားတယ် ဆိုတာ သိပေမယ့် nii san ဒီလောက်မြန်မြန်ရောက်လာမယ် မထင်ဘူး!"

"အင်း....တကယ်က .... "

ဟုတ်တယ် ! Kaname သခင့်ကို ပြင်းပြင်းပျပျ သတိရလာတယ် ! သခင်စိတ်မကွက်ခင် ပြန်မှဖြစ်မှာပဲ ! ပြန်ရမယ်....

"တကယ်က .... အခုပဲ ပြန်..."

"Sagami nii san!!!!!!!!!"

ရုတ်တရက် ရွာအဝင် တံခါးကြီး ပွင့်သွားပြီ စီကနဲ ကြားလိုက်ရတဲ့ အသံစူးစူးကလေးတွေ ! Kaname ရော Sagami ပါ တံခါးမုတ်ပေါက်ဝဆီ လှည့်ကြည့်လိုက်မိသည်!

"Sagami nii san သူက ဘယ်သူလည်း!??"

အသံ နှစ်သံဟာ အမြဲ တပြိုင်ထဲ တခွန်းတည်းသောစကားကို တူတူဆိုတယ်! ကောင်လေးနှစ်ယောက်ဟာ Kaname ကို ပြိုင်တူ လက်ညိုးထိုးပြီး Sagami ဝတ်ရုံစကို ဆွဲကာမေးနေသည်!

"ဒါက Kaname nii san လေ Jugo နဲ့ Junichiro !"

"Kaname nii san!!!????"

ကောင်လေးနှစ်ယောက်က ပြိုင်တူ ရေရွတ်ပြန်တယ် ! နှစ်ယောက်လုံးက အလွန်ဆုံးရှိလှ ၅နှစ် ၆နှစ်အရွယ် ! သူတို့နှစ်ယောက်လုံးက စကားကို ပြိုင်တူပြောတတ်တဲ့ အပြင် တစ်ရုပ်ထဲ တရွယ်ထဲ ! ဖြူဖြူလုံးလုံးလေးတွေနဲ့ ခေါင်းပေါ်က မဲနက်နေတဲ့ ဆံပင်လေးတွေက လိပ်ခွေခွေ ! ချမ်းအေးတဲ့ ရာသီမို့ သူတို့ပါးလေးတွေဟာ နီရဲနေတယ် ! သူတို့ရဲ့ ကျောပေါ်မှာ Tengu တွေရဲ့ လက္ခဏာဖြစ်တဲ့ အနက်ရောင် တောင်ပံ သေးသေးလေးတွေရှိသည်!

"သူတို့က...?"

Kaname ရဲ့ မေးခွန်းကို Sagami က ရယ်မောရင်း ပြန်ဖြေတယ်!

Unbreakable ( Unicode Version )Where stories live. Discover now