Chapter 12

1.2K 191 1
                                    

​တောအုပ်​က ထင်​ထားတာထက်​ ပိုအုပ်​ဆိုင်​းတယ်​! ​နေ​ရောင်​ခြည်​အမြင်​့ဆုံးအချိန်​မှာ​တောင်​ ​တောအုပ်​ထဲမှာ ​နေ​ပြောက်​သိပ်​မထင်​ ! အရွယ်​အစားလုံးပတ်​ တူညီတဲ့ သစ်​ပင်​ကြီး​တွေ ခပ်​စိတ်​စိတ်​​ပေါက်​​ရောက်​​နေမှု​ကြောင်​့ ဒီ​နေရာတင်​ တဝဲလည်​လည်​ဖြစ်​​နေသည်​ဟု ထင်​ရသလို ဆင်​တူသစ်​ပင်​​တွေကြား မျက်​စိလည်​နိုင်​သည်​! ဒါ​ကြောင်​့ ကျွန်​​တော်​လည်​း လက်​ထဲက ဓားတိုနဲ့ ဖြတ်​သန်​းလာတဲ့ သစ်​ပင်​ ပင်​စည်​​တွေမှာ အမှတ်​အသား​တွေ ပြုလုပ်​ခဲ့တယ်​!

အလင်​း​ရောင်​ရှိတုန်​း ခရီး​ရောက်​သ​လောက်​သွားမှ ဖြစ်​မယ်​! ညအ​မှောင်​ဆို ကျွန်​​တော်​ ခရီးဆက်​နိုင်​မည်​မထင်​! ဒါ​ကြောင်​့ တတ်​နိုင်​သ​လောက်​ ခပ်​သွက်​သွက်​ ကြိုးစား သွားရသည်​! လက်​ထဲက သံလိုက်​အိမ်​​မြှောင်​​လေးကို ကြည်​့ရင်​း နီးစက်​ရာ သစ်​ပင်​​တွေကို ​သေချာမှတ်​သားရင်​း ​ချွေးတို့ရွှဲနစ်​ပြီး ​ခြေ​ထောက်​​တွေ မသယ်​ချင်​ဖြစ်​လာ​ပေမယ်​့ ကျွန်​​တော်​ ဆက်​သွား​နေမိတယ်​!

"​တောအုပ်​ထဲ​ရောက်​ရင်​ ​မြောက်​ဖက်​စူးစူးကိုသာ သွား"

Daikaku sama ရဲ့ အမှာစကား ......

ကျွန်​​တော်​ ​တောထဲ ​ခြေချမိတာနဲ့ သံလိုက်​အိမ်​​မြှောင်​ကို တင်​းတင်​းဆုတ်​ပြီး ​မြောက်​ဖက်​ကိုသာ စွတ်​မှိတ်​လာခဲ့သည်​!

​တောအုပ်​ထဲ ပိုနက်​ရှိုင်​းစွာ ဝင်​မိ​လေ​လေ သစ်​ပင်​​တွေက ပိုထူထပ်​လာပြီး ​မြေပြင်​ကလည်​း အမြစ်​ဆုံ​တွေ သစ်​ကိုင်​း​ခြောက်​​တွေ ​ကျောက်​တုံး ​ကျောက်​ခဲ​တွေ နွယ်​ပင်​တချို့နဲ့ သွားလာရ ပိုခက်​ခဲလာတယ်​!

ကျွန်​​တော်​တကိုယ်​လုံးလည်​း ခြစ်​ရာပွန်​းရာ ပလပွနှင်​့ ဖြစ်​​နေ​လေပြီ ! ပါး​ပေါ်က လက်​လက်​ဆတ်​ဆတ်​ခြစ်​ရာ နှစ်​ခုဆီ ​ချွေးစ​တွေ စီးကျတဲ့အခါ စပ်​ဖျင်​းဖျင်​း ခံစားရတယ်​!

ခု​နေများ Kokonoe sama မြင်​လို့က​တော့ ကျွန်​​တော်​့ကို ခပ်​လှမ်​းလှမ်​းက​နေ မျက်​​ထောင်​့နီနဲ့ကြည်​့ပြီး "​ပေပွ စုတ်​ပြတ်​​နေတာပဲ Iori ! ဘယ်​​ချောင်​တိုးပြီး ပြန်​လာတာလည်​း !" ဟူ၍ ၎င်း.... "ငြိမ်​ငြိမ်​​နေစမ်​း ​အငြိမ်​မ​နေလျှောက်​သွားတုန်​းကသွားပြီး ခုမှ နာတယ်​​အော်​မ​နေနဲ့ hump လူသား​တွေ အားနွဲ့တယ်​ ထိခိုက်​လွယ်​တယ်​ မုန်​းတယ်​" ဟူ၍ ၎င်း တဗျစ်​​တောက်​​တောက်​ ​ရေရွတ်​​ရင်​း ဒဏ်​ရာ​တွေကို ကု​ပေးပေလိမ်​့အုံးမည်​!

Unbreakable ( Unicode Version )Where stories live. Discover now