Chapter 10

1.6K 221 9
                                    

ထည်​ဝါတဲ့ တိုင်​လုံး​တွေနဲ့ ခန်​းမ​ဆောင်​ဟာ ကျွန်​​တော်​ မြင်​ဖူးသမျှထဲမှာအခန်​းနားဆုံးပဲ!

ကြီးမားတဲ့ တံခါးမုတ်​​ပေါက်​ဝမှာ ရပ်​​နေတဲ့ Tenri ရဲ့​ကျောပြင်​​နောက်​က​နေ တစွန်​းတစ လှမ်​းမြင်​ရတဲ့ ခန်​းမ​ဆောင်​ထဲမှာ အ​ရောင်​အ​သွေးမတူတဲ့ ပိုးဖဲ ကီမိုနို​တွေ ဝတ်​ဆင်​ထားတဲ့ ပုံစံအမျိုးမျိုးကွဲပြားတဲ့ Kami sama (god) ​တွေကို ​တွေ့ရသည်​!

ခန်​းမ​ဆောင်​ထဲမှာ ရာထူးအလိုက်​ အဆင်​့အလိုက်​ ​နေရာအသီးသီးမှာ ​နေရာယူထားတဲ့ Kami sama ​တွေရဲ့ အရှိန်​အဝါ​ကြောင်​့ သာမန်​လူသားဖြစ်​တဲ့ ကျွန်​​တော်​့ အ​နေနဲ့ ​​မှေးမိန်​ကွယ်​​ပျောက်​သွားလု မတတ်​ ခံစား​နေရသည်​!

အလယ်​​လျှောက်​လမ်​းဆီအကြည်​့အ​ရောက်​မှာ  ကျွန်​​တော်​ နှလုံးသားက လျင်​မြန်​စွာ ခုန်​​ပေါက်​လာတယ်​!

အပြာနု​ရောင်​ ကီမိုနို ​၊ ​ငွေမှင်​​ရောင်​ ဆံနွယ်​ရှည်​​တွေနဲ့ Kokonoe sama ဟာ အမြဲတ​စေ ခန်​့ညားထည်​ဝါ​နေဆဲပဲ!

ကျွန်​​တော်​့မျက်​လုံး​တွေ Kokonoe sama ရဲ့ သူငယ်​အိမ်​ကျဉ်​းရှည်​ရှည်​ အပြာနု​ရောင်​မျက်​ဝန်​း​တွေနဲ့ ဆုံ​တွေ့တဲ့တခဏ Kokonoe sama ရဲ့ မျက်​ခုံး​တွေ တွန်​့​ကွေးသွားတယ်​!

သံစဉ်​မကျခုန်​​နေတဲ့ ကျွန်​​တော်​့ နှလုံးက လန်​့ဖြန်​့ခုန်​​ပေါက်​ထွက်​​တော့မလိုဖြစ်​လာသည်​!

**Kokonoe sama ​တောင်​းပန်​ပါတယ်​ ! ကျွန်​​တော်​ ဒီတိုင်​းဘာမှ မသိလိုက်​ပဲ Kokonoe sama ​ပျောက်​ကွယ်​သွားမှာမျိုး​တော့ မခံချင်​ဘူး**

မျက်​လွှာချရင်​း ​ရေရွတ်​မိတဲ့ စိတ်​တွင်​းစကားကို Kokonoe sama ကြား​စေချင်​မိသည်​!

"ညီလာခံမှာ ငါကိုယ်​​တော်​့အမိန်​့ကို ကြားဖျက်​ဝင်​ရောက်​ ဆီးတားတဲ့ အတင်​့ရဲတဲ့သူဟာ ဘယ်​သူလည်​း????"

ံသြဇာနဲ့ ပြည်​့စုံတဲ့ အသံလာရာဆီ ကျွန်​​တော်​ မဝင်​့မရဲ လှမ်​းကြည်​့မိ​တော့ ခန်​းမ​ဆောင်​အလယ်​က အမြင်​့ဆုံး​နေရာမှာထိုင်​​နေတဲ့ ​ရွှေဝါ​ရောင်​ဝတ်​ရုံနဲ့ သူကို လှမ်​းမြင်​ရသည်​!

Unbreakable ( Unicode Version )Where stories live. Discover now