တွေးမိ​တွေးရာ...[ it's not the part of story , just my thought ]

702 58 2
                                    

ကျွန်​​တော်​ ​တောအုပ်​ဆီ အလည်​သွားတယ်​ ! အဲဒီ့မှာ Kokonoe နဲ့ ​တွေ့တယ်​ ! သူက​မေးတယ်​ !

"မင်​း စိတ်​ညစ်​လာပြန်​ပြီလား " တဲ့

ကျွန်​​တော်​က "အင်​း " လို့ ပြန်​​ဖြေ​တော့

သူက ယပ်​​တောင်​ကို တဖြတ်​ဖြတ်​ခပ်​ရင်​း အ​ဝေးကို ​ငေးကာ

"ဘဝဆိုတာ ဒီလိုပါပဲ ကွာ~" တဲ့

ဒီလိုနဲ့ ကျွန်​​တော်​သူနဲ့ စကားထိုင်​​ပြောဖြစ်​တယ်​ !

"ခင်​ဗျား​တောအုပ်​က​တော့ ​အေးချမ်​း​နေတာပဲ​နော်​"

"အဟက်​ ~ တခြားသူရဲ့ ​တောအုပ်​မှ မဟုတ်​ပဲ ! ငါ့​တောအုပ်​ပဲကို ​အေးချမ်​းတာ အဆန်​းလား?"

သူ့ပြုံးစစ ဘဝင်​မြင်​့ဟန်​က ကျွန်​​တော်​့ကို ပြုံးသွား​စေတယ်​ !

"ဒါ​ကြောင်​့လည်​း ကျွန်​​တော်​ စိတ်​ညစ်​တိုင်​း ခင်​ဗျားဆီလာလည်​မိတာ ဖြစ်​မယ်​ဗျ"

"ဟိတ်​ဟိတ်​ မင်​း​ပြောမှပဲ ငါက ​ပျော်​​တော်​ဆက်​ပုံဖြစ်​​နေပြီ ! ပြင်​​ပြောစမ်​းကွာ"

သူကအလိုမကျဟန်​ပါပဲ ! သူ့မာန ထိခိုက်​တယ်​လို့ ယူဆပုံရတယ်​ ! ဒါနဲ့ ကျွန်​​တော်​လည်​း ပြင်​​ပြောလိုက်​ရတယ်​ !

"မဟုတ်​ပါဘူး ကျွန်​​တော်​ဆိုလိုတာက ခင်​ဗျား​တောအုပ်​က ​အေးချမ်​း​တော့ ကျွန်​​တော်​့စိတ်​​တွေ အုံ့မှိုင်​း​နေတာကို ​ပြေ​ပျောက်​​စေတယ်​ ! ခင်​ဗျားလို အရာရာမှာ သန်​မာပြီး စိတ်​ဓာတ်​ခိုင်​မာတဲ့ သူနဲ့​တွေ့ရ​တော့ ကျွန်​​တော်​လည်​း ​ရေ​ကျော​မြေ​ကျောလိုက်​ပြီး စိတ်​ဓာတ်​​တွေ ခိုင်​မာသွားတာ​ပေါ့ဗျာ ! ဒါ ခင်​ဗျားရဲ့ အစွမ်​းအစ​တွေ​ပေါ့ ! အင်​း ထုတ်​သုံးစရာ​တောင်​မလိုတဲ့ အစွမ်​းအစ​တွေ​လေ ဒါ​ကြောင်​့ ကျွန်​​တော်​ ​ကြေကွဲပြိုလဲချိန်​ ခင်​ဗျားဆီလာလည်​ရင်​ စိတ်​ဓာတ်​ပြန်​လည်​ ခိုင်​မာလာတယ်​ ​ပျော်​လာတယ်​လို့​ပြောတာပါ "

"​သြော်​ ​အေး အဲ့ဒီလိုလား အဟက်​ဟက်​~"

သူက သ​ဘောကျသွားဟန်​ပါပဲ ! ​ခေါင်​း​မော့ပြီး ရယ်​​မောလိုက်​တာ သူ့သွားစွယ်​ချွန်​ချွန်​​တွေကို ကျွန်​​တော်​ မြင်​​နေရတယ်​ ! ​နေ​ရောင်​​အောက်​မှာ သူ့​ငွေမှင်​​ရောင်​ဆံနွယ်​ရှည်​​တွေက လွင်​့ဝဲလို့ !

Unbreakable ( Unicode Version )Where stories live. Discover now