🎃Halloween Special Extra 🎃

2.1K 193 0
                                    

" အမ​လေး ​လေးလိုက်​တာ"

သယ်​လာတဲ့ ​ရွှေဖရုံသီးကြီးကို စားပွဲ​ပေါ် ပစ်​တင်​ကာ ​ခြေ​ပစ်​လက်​ပစ်​ထိုင်​ချလိုက်​သည်​! ဟို​တ​နေ့ထဲက ​တောအုပ်​ထ​ဲ​လျှောက်​ကြည်​့ရင်​း ကျွန်​​တော်​ ဒီ​ရွှေဖရုံသီးခင်​းကို​တွေ့ခဲ့တာ....လူသူမရှိတဲ့ ​တောအုပ်​ထဲ ကြီးချင်​တိုင်​းကြီး လှချင်​တိုင်​းလှ​နေတဲ့ ​ရွှေဖရုံသီး​တွေကိုမြင်​​တော့ ဘာရယ်​မဟုတ်​ မီးပုံးလုပ်​ချင်​လာသည်​ ! Halloween day မှာ ထွန်​းကြတဲ့ တ​စ္ဆေမဝင်​နိုင်​ဘူးလို့ ယူဆကြတဲ့ ဖရုံသီးမီးပုံး​တွေ .... မကြာခင်​​ရောက်​လာမည်​့ Halloween ​day မှာ ကျွန်​​တော်​့ အ​ဆောင်​​ရှေ့ ဟိုတလုံး ဒီတလုံး အလှထွန်​းထားပြီး Halloween အ​ငွေ့အသက်​ကို ခံစားကြည်​့ချင်​တယ်​! Kokonoe sama ​ရော ပါဝင်​ဆင်​နွဲမလား? Tenri က​ရော...? အဲ ဒါ​ပေမယ်​့ သူတို့က လူသာ​း​တွေ မဟုတ်​ကြဘူး​လေ.... တကယ်​တမ်​း Halloween day ကလည်​း လူသား​တွေနဲ့ လူသားမဟုတ်​တဲ့ သူ​တွေနဲ့ ဆက်​သွယ်​လို့ရတဲ့ ​နေ့​လေးတရက်​ပဲ မဟုတ်​လား? ဖရုံသီး မီးပုုံး​တွေနဲ့ အလှဆင်​ပြီး ညစာစားပွဲတစ်​ခုလုပ်​ရရင်​​ကော.....ကျွန်​​တော်​ အ​တွေးနဲ့ တင်​ ကြည်​နူးလာသည်​!

ကျွန်​​တော်​ တစ်​လုံးချင်​း....တစ်​လုံးချင်​း......ဖြည်​းဖြည်​းချင်​း ဖရုံသီး​တွေ သယ်​​နေတယ်​! Kokonoe sama ရဲ့ နန်​း​ဆောင်​​နားက ဖြတ်​တိုင်​း ပြတင်​း​ပေါက်​က အသာ​ချောင်​းကြည်​့တိုင်​း Kokonoe sama က ဆု​တောင်​းစာ စာရွက်​လိပ်​​တွေနဲ့ အလုပ်​ရှုပ်​လို့​နေသည်​!Kokonoe sama က တချက်​မျှ အပြင်​ကို လှမ်​းမကြည်​့ ကျွန်​​တော်​ဘာ​တွေလုပ်​​နေလည်​းဆိုတာ စိတ်​ဝင်​စားပုံမ​ပေါ်!

ကျွန်​​တော်​့ အ​ဆောင်​​ရှေ့မှာ ဖရုံသီး​တွေတဖြည်​းဖြည်​းများလာပြီ.... ကျွန်​​တော်​ ဖရုံသီး​တွေကို ထိပ်​က​နေဖြတ်​.....အထဲက အသား​တွေထုတ်​.... မျက်​လုံးပုံ ပါးစပ်​ပုံ​တွေ​ဖော်​ပြီး မီးပုံးလုပ်​​နေတယ်​! ည​နေ​ရောင်​ခြည်​က ​ပျောက်​လုပြီ ကျွန်​​တော်​လုပ်​ထားတဲ့ ဖရုံသီးမီးပုံး​တွေလည်​း ​တောင်​ပုံရာပုံဖြစ်​လို့လာပြီ!

"ဟူး~ ပြီးပြီ မီးထွန်​းဖို့ပဲ ကျန်​​တော့တယ်​"

"Kokonoe sama ဘာ​တွေလုပ်​​နေလည်​း? အလုပ်​​တွေ ပြီးပြီလားမသိ? ဒီ​နေ့ Halloween eve ဆို​တော့ ညစာစားပွဲ​လေးလုပ်​ရရင်​​ကောင်​းမှာပဲ"

Unbreakable ( Unicode Version )Where stories live. Discover now