Chapter 17 [Final part 1]

1.8K 191 4
                                    

"Kokonoe ! ဒီနေ့ အစည်းအဝေးမှာ Izanagi sama က ဆင့်ခေါ်ထားတယ်နော် ! မင်းရော Iori ကိုရော"

"အင်း ! မဆင့်ခေါ်တောင် Izanagi sama ကို ဝင်တွေ့ဖို့အကြောင်းတွေရှိနေသေးတာကို"

မနက်ခင်း လက်ဖက်ရည်ဝိုင်းမှာ Kokonoe က ပေါင်ပေါ်မှာ ခွေနေတဲ့ ကြောင်ဖြူလေး Tenri ရဲ့ ကျောပြင်ကို အသာပွတ်သပ်ရင်း Daikaku စကားကို ပြန်ဖြေတယ်!

Daikaku က လက်ဖက်ရည်ခွက်ကို ကိုင်ရင်း Kokonoeကို မျက်လုံးအသာလှန်ကြည့်တော့ Kokonoe က စားပွဲပေါ်က အချိုမုန့်တချို့ကို ဟိုလှန်ဒီလှန်လုပ်နေသည်!

"မင်း Izanagi sama ကို စိတ်ဆိုးအောင်တော့ ထပ်လုပ်လို့ မဖြစ်ဘူးနော်"

"အဟက်... Daikaku မင်းပြောပုံက ငါကပဲ အမြဲဆိုးသွမ်းနေသလိုလို"

"မဟုတ်ပါဘူး ဒါပေမယ့် မင်းက ပေါက်ကရလုပ်တတ်လွန်းလို့"

Daikaku စကားကြောင့် Kokonoe က မျက်နှာ တချက်မဲ့လိုက်တယ်! ပြီးတော့ မုန့်တခုကောက်စားရင်း.....

"အေးပေါ့လေ Izanagi sama စိတ်မတိုဖို့တော့ မျှော်လင့်ရတာပဲ"

"Kokonoe!"

"Hahahaha"

Daikaku အလန့်တကြားဖြစ်သွားတော့ Kokonoe က သဘောကျစွာရယ်တယ်!

ဘာပဲ ပြောပြော မနက်ခင်း ညီလာခံအတွက်တော့ Daikaku ရင်လေးမိသေးသည်!

ဒေါသကြီးတဲဲ့ Izanagi sama နဲ့ သူတလူ ငါတမင်း Kokonoe ....အင်း နောက်ပြီး သူတို့ုကြားထဲက ဟိုအူကြောင်ကြောင်ကောင်လေး Iori.....

*sigh*

တွေးမိရုံနဲ့ ရင်လေးတယ်.....

မျက်စိရှေ့က ဖြူလွှလွှ ဝတ်ရုံရှည်ကိုသာ တစ်ထပ်ထဲ ပေါ့ပါးစွာ ဝတ်ဆင်ထားတဲ့ Kokonoe ကို ကြည့်ရင်း Daikaku တစ်ယောက် သက်မ တချချ ခေါင်းတရမ်းရမ်းဖြစ်နေတော့သည်!

"Kokonoe sama!!!!!!!"

ခေါ်သံကြောင့် ထမင်းစားခန်းမဆောင် အဝကို လှမ်းကြည့်လိုက်တော့ Iori က ဝတ်ရုံဖို့ရို့ဖားရားနဲ့ ရောက်လာတယ်!

အပြာနုရောင်ဝတ်ရုံ......

ဒါ Kokonoe ရဲ့ အပေါ်ထပ်ဝတ်ရုံမဟုတ်?

Daikaku တွေးနေတုန်းမှာပဲ Ioriက Kokonoe ကို မြင်တော့ ခန်းမဆောင်ထဲ ပြေးဝင်အလာ ဝတ်ထားတဲ့ သူနဲ့ အဆမတန်ကြီးနေတဲ့ ဝတ်ရုံရှည်ကို ပြန်နင်းမိပြီး မှောက်ယားထိုး လဲလေသည်!

Unbreakable ( Unicode Version )Where stories live. Discover now