Prologue

41.7K 2.1K 9
                                    



Zawgyi version

ဖျောက်ခနဲ ကျနေတဲ့ မိုးစက်တွေက အိမ်ရှေ့တံစက်မြိတ်ကို ခပ်စိပ်စိပ်နဲ့ ခပ်မှန်မှန်ရိုက်ခတ်နေတယ်။မိုးကတဖြည်းဖြည်းသည်းလာတာနဲ့အမျှ ပြတင်းတံခါးကနေ မြင်နေရတဲ့ ကောင်းကင်လည်း မှောင်ရီပျိုးလာတယ်။ ခုနခဏလေးတင်က လင်းကျင်းနေတဲ့ အိမ်ရှေ့က လမ်းသွယ်လေးက အခုဆို လမ်းထိပ်ထိ ရှင်းရှင်းတောင် မမြင်ရချင်တော့ဘူး။

ပြီးတော့ ရေဒီယိုက အရေးပေါ်
သတင်းတစ်ခုကြေညာနေတယ်
ယနေ့ညနဲ့ မနက်ဖြန်အထိ
မုန်တိုင်းအသေးစားတစ်ခုတိုက်ခတ်ပါမည်တဲ့

အညိုရောင်ဖျော့ဖျော့လေးသုတ်ထားတဲ့ အုတ်အိမ်လေးရဲ့ နံရံတွေက ခပ်စိမ်းစိမ်းရေညှိတွေနဲ့ အရောင်ကပြောင်းချင်နေပြီ။ တချို့နေရာတွေမှာဆို ဆေးအညိုတွေကပျက်လို့ အောက်ခံအုတ်နီနီတွေ တပိုင်းတစပေါ်လို့၊

အိမ်ရှေ့မှာ အရင်ကလူတွေ စိုက်ထားတဲ့ ပန်းပင်တွေလည်း ခြောက်နေလောက်ပြီထင်တယ်။အခုမှပဲ မိုးထရွာတော့တယ်လို့ တွေးရင်း ရှောင်းကျန့်က ဟက်ခနဲ တစ်ချက်ရယ်လိုက်မိတယ်။ တိတ်ဆိတ်လွန်းနေတဲ့ အခန်းထဲ ရယ်သံတစ်ခုက ဖွဖွလေးမြည်သွားတယ်။ နောက်တော့လည်း မိုးစက်သံတွေပဲ မီးမှိန်မှိန်လေးထွန်းထားတဲ့ အိမ်အခန်းထဲ ကျန်ခဲ့တယ်။

တောင်ပေါ်ဒေသလေးမို့ ညဖက်တွေက သိပ်အေးတတ်တယ်။ အထူးသဖြင့် မိုးရွာတဲ့ ဒီလိုညတွေဆို မီးလင်းဖိုတစ်ခုခုဖြစ်တော့ လိုအပ်တတ်တယ်။

ရှောင်းကျန့်ကတော့ သိပ်ထွေထွေထူးထူးတွေးမနေချင်ဘူး ။

ခပ်လျော့လျော့ဝတ်ထားတဲ့ အနွေးထည်ကို လုံခြုံအောင် ဆွဲတင်လိုက်တယ် ။ ငြိမ်းခါနီးဖြစ်နေတဲ့ မီးလင်းဖိုဆီ ထင်းရှူးစတစ်စထပ်ထိုးထည့်လိုက်တယ်။ညက ဒီလောက်ဆို လုံလုံလောက်လောက်နွေးသင့်ပြီလို့ ရှောင်းကျန့်က ယူဆတယ်။

ဝိုင်နီနီတွေထည့်ထားတဲ့ ဖန်ခွက်ကို လက်ကကိုင်ရင်း
မိုးရေစက်တွေ စင်နေတဲ့ တံခါးအဝနား တစ်ချက်သွားရပ်လိုက်တဲ့ ရှောင်းကျန့်က ပြိုပျက်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ရတာကြိုက်တယ်။

A RACONTEUR  [Completed]Where stories live. Discover now