Part [10]

8.8K 1.3K 31
                                    

Song suggestion- like a rose by A1

Zawgyi version

လူတစ်ယောက်အတွက် လုပ်ပေးချင်တာတွေ
လုပ်ပေးခွင့်ရတာလည်း ကံတရားရဲ့ ချီးမြင့်မှုပါပဲ
ထိုချီးမြင့်မှုကို ပိုင်ဆိုင်နေတာကိုပဲ
အချစ်လို့ ခေါ်ဆိုတယ်

ရိပေါ်က အခုဆို ရှောင်းကျန့်ဆီ လာနေတာ တစ်ပတ်ပြည့်တော့မယ်။နေ့စားအလုပ်ဆိုတဲ့အတိုင်း တစ်ရက်တစ်ခါ ရှင်းတဲ့ ဝိုင်ခြံကနေ ငွေစတော်တော်များများလက်ထဲမှာ ရှိပြီ။ ဝိုင်ခြံပိုင်ရှင်အန်ကယ်လ်က သဘောကောင်းတာမို့ တခါတခါ ဝိုင်တွေတောင် ရှောင်းကျန့်အတွက် သယ်လာနိုင်သေးတယ်။

ငွေစတွေရတာဟာ ရိပေါ်လုပ်ချင်တာ
လုပ်လို့ရပြီလို့ဆိုလိုတယ်

ကျန့်ကောပေးထားတဲ့ စက်ဘီးကိုအမြန်နင်းတယ်။ ကျန့်ကောမနိုးခင် ဈေးကသူအမြန်ပြန်ရောက်မှရမယ်။ ညက တော်တော်ညဥ့်နက်တဲ့အထိ ပုံရေးထားတာမို့ ရှောင်းကျန့်က နေ့လည်ခဏပြန်ဝင်အိပ်နေတာ၊ ခဏလေးနဲ့ နိုးမလာဖို့တော့ ရိပေါ်မျှော်လင့်ပါတယ်။

စက်ဘီးလေးက ကျွီခနဲရပ်တယ် ပြီးတော့ အိမ်ဈေးလေးကနေ လူငယ်တစ်ယောက် လက်ထဲမှာရောင်စုံချည်မျှင်လုံးလေးတွေနဲ့ သိုးမွှေးထိုးအပ်ကြီးကြီးတစ်ချောင်းပါသွားတယ်။

လူငယ်မျက်လုံးထဲမှာအိပ်မက်တွေက အပြည့်နဲ့
နှုတ်ခမ်းပါးက အပြုံးတစ်ခုကို သယ်တယ်
နေမင်းက ကောင်းကင်မှာ ကြည်ကြည်လင်လင်
စက်ဘီးတစ်စီးက ပြန်ထွက်သွားတယ်

ချည်ဆိုင်က ဆိုင်ရှင်အဘွားကြီးက ပြုံးတယ်
လူငယ်တွေက သိပ်ချစ်တတ်ကြတယ်
အနုပညာဟာ ခေတ်တိုင်းမှာ ရာဇဝင်တွင်တယ်

ပုံပြင်က ထင်သလောက် ပျော်စရာမကောင်းဘူး

တွဲလာတာ နှစ်လပြည့်တဲ့နေ့က ဟန့်မွေးနေ့နဲ့ တိုက်ဆိုင်တယ်။ နှစ်ယောက်တည်း အပြင်သွားမယ် မုန့်စားမယ် ဟန်က စီစဉ်တယ်။ အစ်ကိုကလာခေါ်တယ် ။

ပျော်စရာက အတန်အသင့်ကောင်းတယ်
ပြီးတော့ ဝမ်းနည်းစရာပိုကောင်းတယ်

တိုက်တိုက်ဆိုင်ဆိုင်ပဲဆိုရမယ်၊ ဟန့်ဖေဖေကတွေ့သွားတယ် ။ ရုပ်ရှင်ဆန်ဆန်မထိုးဘူးမကြိတ်ဘူး လူအများကြီးကြားထဲ မအော်ဟစ်ဘူး။ ဖေဖေက မနက်ဖြန်အိမ်ကို ပြန်လာနေတော့လို့ပဲ ပြောသွားတယ်။ ဟန်လက်ဖျားတွေ အေးစက်နေအောင် ကြောက်တာကို လက်ချင်းတွဲထားတဲ့ အစ်ကိုသိတယ်။ အစ်ကိုလည်း ခပ်ယဲ့ယဲ့ပဲ ပြုံးနိုင်ခဲ့တယ်။ အစ်ကိုရှိတယ် မကြောက်နဲ့ဆိုတာမျိုး အစ်ကိုမပြောဘူး။ အစ်ကိုလည်း ကြောက်နေတယ်။ မိဘတွေကို ရင်ဆိုင်နိုင်ဖို့ဆိုတာ ဟန်တို့သိပ်ငယ်သေးတယ် ။ ဟန်ဒီနေ့မှ ၁၈ ပြည့်တယ် ။

A RACONTEUR  [Completed]Where stories live. Discover now