Part [16]

7.9K 1.2K 26
                                    


Song suggestion- because of you by Kelly Clarkson

Zawgyi version

ဖျားနေတဲ့ ရိပေါ်ကို ရှောင်းကျန့်က ဂရုစိုက်ရတယ်။ ရိပေါ်က ရှောင်းကျန့်ကိုသာ နည်းနည်းဂရုထားတတ်ပေမယ့် သူ့အတွက်ဆို မသိလိုက်မသိဘာသာ ပြီးပစ်လိုက်တတ်တယ်။

ဖျားရတဲ့ အကြောင်းအရင်းကလည်း ဒီမှာအခြေခံတယ်

ကြမ်းပြင်က အေးတာမို့ ရိပေါ်ကို ခုတင်ပေါ်တက်အိပ်ခိုင်းထားရတယ်။ ရှောင်းကျန့်က ဂွမ်းကပ်မွေ့ယာပေါ်မှာ လှဲရင်း ရိပေါ်အခြေအနေကို တစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်တယ်။

ရိပေါ်က ပုံမှန်ဆို နည်းနည်းအေးတိအေးစက်နဲ့နေတတ်ပေမယ့် ဖျားနေလို့ထင်တယ်။ ခပ်နွမ်းနွမ်းနဲ့ တစ်ချက်တစ်ချက်အိပ်နေရင်း ညည်းသံကြားရတယ်။ မနေနိုင်တဲ့အဆုံး ထပြီး နဖူးတစ်ချက်စမ်းတဲ့အခါ ကိုယ်က တော်တော်လေးနွေးနေတယ်။ပြခန်းက အပြန် ရှောင်းကျန့်သွားဝယ်ထားတဲ့ အဖျားပျောက်ဆေးလည်း တိုက်ပြီးထားပြီမို့ ရှောင်းကျန့်က နည်းနည်းပိုသက်သာလိုသက်သာငြား ရေပတ်ဝတ်တိုက်ဖို့ကြံတယ်။

ရေဇလုံတစ်ခုနဲ့ အဝတ်စသေးသေးတစ်ခုနဲ့ ရှောင်းကျန့်က ခုတင်ဘေးမှာ နေရာယူတယ်။ တစ်ချက်တစ်ချက်ကလွဲလို့ ရိပေါ်က သိပ်မညည်းတော့ဘူး။ မီးဝါဖျော့ဖျော့လေးနဲ့ အခန်းထဲမှာ ကောင်လေးတစ်ယောက်ကတော့ မအိပ်နိုင်သေးဘဲ ခုတင်ဘေးမှာ ငုတ်တုတ်ငိုက်လို့ တစ်ချက်တစ်ချက် ပြန်နိုးလာတဲ့အခါ လက်လေးတစ်ဖက်က ခုတင်ပေါ်က နဖူးလေးဆီ ဦးတည်လို့။

ညဟာ တဖြည်းဖြည်းနက်လာတယ်။ အဖျားကျလာတဲ့ ရိပေါ်ဘေးမှာပဲ ခဏမှောက်အိပ်လိုက်ဖို့ ရှောင်းကျန့်စဉ်းစားတယ်။ရိပေါ်က တစ်ချက်တစ်ချက်ညည်းလာရင် သူအနားမှာရှိပြီး ဆံနွယ်စတွေကို အသာအယာသိမ်းပေးတာဖြစ်ဖြစ် အသာအယာလှုပ်ပေးတာဖြစ်ဖြစ်လုပ်ပေးရင် ရိပေါ်က ပြန်ကြည်ကြည်သာသာအိပ်ပျော်သွားတယိ။ နေမကောင်းလို့ မျက်မှောင်ကြုံ့အိပ်နေတဲ့ရိပေါ်က ဒီအချိန်မှာ ၁၉ နှစ်အရွယ် လူငယ်လေးမှန်းသိသာစေတယ်။ ဘာပဲပြောပြော ရိပေါ်လည်း အိမ်ကိုလွမ်းမယ်ထင်ပါတယ်။

A RACONTEUR  [Completed]Where stories live. Discover now