Extra [3] [From book ]

1.7K 245 2
                                    

Unicode

တောင်ခြေကနေ တဖြည်ဖြည်းလျှောက်လာကြတာမို့ နဖူးပြင်နဲ့ နားသယ်စပ်နားက ဆံနွယ်တွေမှာပါ ချွေးစတချို့စို့နေခဲ့တယ်။ ရိပေါ်က ကျောပိုးထားတဲ့ အိတ်ထဲကနေ အညိုနုနုပုဝါကိုထုတ်ပြီး ဘေးနားက ရှောင်းကျန့်ကို လှမ်းပေးတယ်။

မနေ့က.. ရှောင်းကျန့်သူငယ်ချင်း
ရိရှင်းရဲ့ မင်္ဂလာဆောင်ဖြစ်တယ်

မဖြစ်မနေလာခဲ့ဆိုသော စာတစ်စောင်ရောက်လာတာမို့ မသွားလို့မရခဲ့၊ ကျန့်ကောကို တစ်ယောက်တည်း စိတ်မချတဲ့ ရိပေါ်ကပါ အတူပါလာခဲ့တယ်။

အခုဆို ငါးနှစ်နီးပါးရှိနေခဲ့ပြီ ။

အတူရှိနေတဲ့အခါ အချိန်တွေက ကုန်တာမြန်ပါတယ်။
နေ့ရက်တွေကို အိမ်ကလေးရယ် ရိကျန့်ပြခန်းရယ်
တလှည့်စီ ဖြတ်သန်းကုန်ဆုံးခဲ့ကြတယ်။

ခေါင်းစဉ်တပ်မရတဲ့ နောက်တော့ ခေါင်းစဉ်မလိုတဲ့ အနေအထားတစ်ခုမှာ နှစ်ယောက်လုံးက နေသားကျနေခဲ့ပြီဖြစ်တယ်။

အတွေးတစ်ခုခုဝင်နေဟန်တူတဲ့
ကျန့်ကောကို ရိပေါ်က ငဲ့ကြည့်တယ်။

"ဘာဖြစ်လို့လဲ ကျန့်ကော.."

အချိန်အကြာကြီး အတူနေပြီးတဲ့အခါ ရိပေါ်ရဲ့ အကျွမ်းကျင်ဆုံးအလုပ်က ရှောင်းကျန့်ရဲ့ မျက်နှာရိပ်ဖမ်းတာနဲ့ စိတ်အခြေအနေကို ခန့်မှန်းတာဖြစ်လာခဲ့တယ်။

"ငါ... လေ.."

"အင်း..."

စကားစရှာရခက်ဟန်နဲ့ ရှောင်းကျန့်က
သက်ပြင်းတစ်ချက်ချတယ်။

တောင်ခြေကနေ လမ်းတဝက်ကျိုးနေပြီမို့ အိမ်ခြေတွေရှိတဲ့ လမ်းလေးကို မြင်နေရပြီ။ ရှေ့နားက သစ်သားထိုင်ခုံတန်းလျားနားကို ရိပေါ်က ခြေလှမ်းရင်း တဖက်က ရှောင်းကျန့်လက်ကို ဆွဲခေါ်တယ်။ ထိုင်ခုံမှာ ထိုင်လိုက်တဲ့ ကျန့်ကောပုခုံးနားကနေ အသာဖိရင်း ရိပေါ်က မျက်ခုံးတချက်ပင့်တယ်။

ဖုံးကွယ်ထားလို့ မရနိုင်တာကို ရှောင်းကျန့်က ရိပ်မိပါတယ်။

"ရိရှင်းကို မြင်တော့ မင်းတစ်နေ့
နောင်တရမလား ငါ ကြောက်လာတယ်"

A RACONTEUR  [Completed]Where stories live. Discover now