Part [30]

7.5K 1.2K 50
                                    

Song suggestion - Every little thing by Carly Pearce

Zawgyi version

ရိပေါ်က ကျောက်တုံးထိုင်ခုံပုမှာထိုင်နေတဲ့ ရှောင်းကျန့်အရှေ့ကို လာရပ်တယ်။ထိုင်ခုံပုပုလေးမို့ ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေက ငုံ့ချထားစရာမလိုဘဲ ရိပေါ်ရဲ့ ဖိနပ်လေးတွေဆီကို ဦးတည်မြင်နေရတယ်။နောက်ဆုံးတော့ ဒီလိုနေ့ကိုရောက်လာခဲ့ပြီပဲဖြစ်တယ်။

ဝင်လာခဲ့တုန်းက တံခါးခေါက်ခဲ့သလို အခုထွက်သွားဖို့ကိုလည်း ရိပေါ်က ခွင့်တောင်းနေခဲ့ပြီဖြစ်တယ်။ ပုံပြင်လေးက ပြီးသွားပြီလားမသေချာပေမယ့် ကျိန်းသေတာတော့ ရိပေါ်ပြောပြတဲ့ ပုံပြင်က အဆက်တွေရှိနေဦးမယ်ဆိုရင်တောင် ရှောင်းကျန့်တို့ဇာတ်လမ်းကတော့ အပြီးတိုင်ကန့်လန့်ကာချသွားခဲ့ပြီဖြစ်တယ်။

ရှောင်းကျန့်က ပထမဆုံးရိပေါ်ရောက်လာခဲ့တဲ့နေ့ကိုပြန်သတိရတယ်။ဂျင်းကုတ်နဲ့ခပ်ဖြူဖြူကောင်လေးက အခုလည်း ပိုတောင်နွမ်းလာပြီဖြစ်တဲ့ ဂျင်းကုတ်လေးနဲ့ မျက်ဝန်းတွေတောင် ပိုပြီးအားမရှိတော့သလိုပါပဲ၊ရှောင်းကျန့်က ဒီအတွက်လည်း ဘာမှမတတ်နိုင်တော့သော အခြေအနေနဲ့ဖြစ်တယ်။

ရှောင်းကျန့်ကနေရာကနေထတယ်။ရိပေါ်ကတော့နေရာမှာတင် ခေါင်းငုံ့လို့ တစ်လှမ်းမှမရွေ့သေးဘူးဖြစ်တယ်။ လာတုန်းက ကော်ဖီတစ်ခွက်ဖျော်တိုက်သလို ထွက်သွားတော့လည်း ကော်ဖီတစ်ခွက်ဖျော်ပေးချင်တယ်။ရိပေါ်က ကျန်တာတွေအရသာမရှိလို့ မစားရင်တောင် ရှောင်းကျန့်ဖျော်တိုက်တဲ့ နှပ်ကော်ဖီကိုတော့ နှစ်နှစ်ခြိုက်ခြိုက်သောက်တတ်တယ်မလား။

ကော်ဖီဖျော်ဖို့ စားပွဲပေါ်က အုပ်ဆောင်းလေးကိုဖယ်လိုက်တဲ့အခါ အဆင်သင့်ချက်ပြီးသား အမဲသားပူပူလေးကို ပန်းကန်လုံးလေးထဲမှာ တွေ့ရတယ်။ရှောင်းကျန့်ဟာ ဖြတ်ရိုက်ခံလိုက်ရသလိုမျိုး နာကျင်သွားခဲ့တယ်။

တုန်နေတဲ့လက်တွေနဲ့ ကော်ဖီပန်းကန်ကိုလှမ်းတယ်
ခွမ်းခနဲကျကွဲသံနဲ့အတူ ခြေဖမိုးမှာနာကျင်မှုအနည်းငယ်သိတယ်
ပြေးဝင်လာတဲ့ ရိပေါ်က အခြေအနေကိုသတိထားမိဟန်
ချက်ချင်းထိုင်ချလို့ ပန်းကန်ကွဲစတွေကိုသိမ်းတယ်

A RACONTEUR  [Completed]Where stories live. Discover now