Part [18]

7.2K 1.1K 21
                                    

Song suggestion- The Love that hurts so much is not love
by Ailee

Zawgyi version

ဖေဖေ့ကို မထွက်သွားခင်ညက နောက်ဆုံးရှောင်းကျန့်တွေ့လိုက်ရတာ။ ဖေဖေက ရှောင်းကျန့်အခန်းထဲက စာကြည့်စားပွဲမှာ လာထိုင်နေခဲ့ပြီး ရှောင်းကျန့်ဝင်လာတာကို စောင့်နေခဲ့တယ်။

ကျောင်းမှာ ဘောလုံးကန်ပြီး ပြန်လာခဲ့တဲ့ ရှောင်းကျန့်က ညဖက်ပြန်လာခဲ့တဲ့အခါ သိပ်ကိုပင်ပန်းနေခဲ့ပြီ။အရွယ်လည်း နည်းနည်းရောက်နေပြီမို့ ဖေဖေနဲ့ ရှောင်းကျန့်က အနေအနည်းငယ်စိမ်းသွားတယ်။ ဖေဖေကို အခန်းထဲမှာ တွေ့ရတာမို့ ရှောင်းကျန့်က အံ့ဩသလိုတော့ ဖြစ်သွားခဲ့သေး။

သားကျန့်ကျန့်လို့ ဖေဖေက ခပ်တိုးတိုးခေါ်တယ်
ရှောင်းကျန့်ခုတင်ဘေးနားကို ဖေဖေက အသာလာရပ်ခဲ့တယ်

ဖေဖေက အဲဒီနေ့ညက တစ်စုံတစ်ခုကို ရှင်းပြချင်နေခဲ့သလိုပဲ။
ပင်ပန်းလာတဲ့ ရှောင်းကျန့်က အိပ်ရာပေါ်ကို အဝတ်အစားလဲပြီး တန်းတက်ချင်ပြီ။ ဖေဖေ့ကို အခန်းထဲက ခဏထွက်ခိုင်းလိုက်တယ်။ နောက်နေ့ကျ ဖေဖေက ရှောင်းကျန့်ဘဝထဲကပါ ထွက်သွားခဲ့တယ်။ လူတွေက ရှောင်းကျန့်တောင်းဆိုမှုတွေကို လိုတာထပ်ပို လုပ်ပေးကြတယ်။

ဖေဖေအိမ်က ထွက်သွားပြီးတဲ့နောက်မှာ ရှောင်းကျန့်နဲ့မေမေက အရာရာကို ခါးစည်းခံခဲ့ရတယ်။ ဖေဖေရဲ့ သတင်းဟာ ရှောင်းကျန့်တက်တဲ့ အလယ်တန်းကျောင်းမှာ ခပ်မြန်မြန်ပဲ ပျံ့သွားခဲ့တယ်။
တီးတိုးတီးတိုးစကားဆိုကြတဲ့ လူတွေကိုလည်း ရှောင်းကျန့်က အပြစ်မပြောချင်ခဲ့ဘူး။အရာအားလုံးက အမှန်တရားတွေပဲမလား။နာမည်ရှိတဲ့ ဓာတ်ပုံဆရာမို့ ဖေဖေ့သတင်းတွေက ဂျာနယ်အချို့မှာပါလာခဲ့တယ်။ရှောင်းကျန့်က တားလည်းမတားဆီးချင်၊ ကြားလည်းမကြားချင် အရာရာကို အသက်မဲ့သူတစ်ယောက်လို နေ့ရက်တွေကို ကျော်ဖြတ်တယ်။

ဖေဖေ့လက်တွဲသွားသူက သူ့ငယ်ချစ်ဦးလို့လည်း သိရတယ်။နေကာမျက်မှန်ကို တပ်ထားတာမို့ ထိုသူရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် ကြည့်ကောင်းတဲ့သူဖြစ်မယ်လို့ထင်ပါတယ်။ရှောင်းကျန့်က ခပ်မြန်မြန်ပဲ အဲဒီမျက်နှာကနေ မျက်နှာလွဲလိုက်တယ်။ မတော်တဆပြန်မြင်ရင်တောင် မှတ်မိမနေချင်ခဲ့ဘူး။

A RACONTEUR  [Completed]Where stories live. Discover now