Part [11]

8.5K 1.3K 18
                                    

Song suggestion- inner demons by Julia Brennan

Zawgyi version

ရိပေါ်က ရှောင်းကျန့်ကို နားလည်နေတယ်ထင်ရပေမယ့် တစ်ကယ်တော့ အဲဒီလိုမဟုတ်ဘူး။ရှောင်းကျန့်ကအဆင်ပြေနေတယ်ထင်ရပေမယ့် တစ်ကယ်တော့ ဟုတ်မနေခဲ့ဘူး။

ဒီနေ့ဆို ဖေဖေဆုံးတာ တစ်ပတ်ပြည့်ပြီ

ရာသီစက်ဝန်းက ပုံမှန်အတိုင်း လည်ပတ်တယ်
လိုက်မပါနိုင်သူတွေက အတိတ်မှာကျန်ရစ်တယ်
သဘာဝတရားက ထင်တာထက် ပြတ်သားတယ်

ပြန်ရောက်လာကတည်းက ဒီကိစ္စကို ရှောင်းကျန့်က စကားတစ်ခွန်းမှမဟခဲ့ဘူး။နေ့ရက်တွေဟာ ပုံမှန်အတိုင်းထက်တောင် ပျော်ပျော်ရွှင်ရွှင်လည်ပတ်တယ်။ဒါကို ရိပေါ်လည်းသိတယ်။

ရှောင်းကျန့်က အဆင်ပြေချင်
ယောင်ဆောင်တဲ့ ကြောင်ကလေး
ဒဏ်ရာတွေကို ဝှက်ထားတဲ့ ငှက်ကလေး

ဟိုတစ်နေ့က ရိပေါ်ညဖက်ကြီး အသံတိုးတိုးတစ်ခုကြောင့် နိုးလာတယ်။ အိပ်ရာပေါ်ကို ကြည့်တော့ ဘယ်သူမှရှိမနေခဲ့။ အိမ်ရှေ့ခန်းမှာ တသိမ့်သိမ့်တုန်နေတဲ့ ကျောပြင်တစ်ခုကိုတော့ တွေ့တယ်။ရင်ခွင်ထဲမှာ ပန်းချီကားတစ်ခုကိုတင်းတင်းဖက်ထားတယ်။

ကြယ်လေးက ပြိုတယ် နှစ်သိမ့်သူမရှိ
အဝေးကြီးမှာ အထီးကျန်ဆန်တယ်

ရှောင်းကျန့်က အိမ်ရှေ့ခန်းမှာ
ရှိုက်လို့ရှိုက်လို့ငိုတယ်
လွမ်းလို့လား မုန်းလို့လား

ဖေဖေက ပြုံးနေတယ် ပန်းချီကားထဲမှာ

ရှောင်းကျန့်မှာ သူကိုယ်တိုင်အဖြေမသိတဲ့ ပုစ္ဆာတစ်ပုဒ်နဲ့
သန်းခေါင်ယံကို တိုးတိုးတိတ်တိတ်ချဉ်းကပ်တယ်

ကောင်လေးတစ်ယောက်ဟာ အဝေးကနေ နှစ်သိမ့်လိုဟန်လက်ကမ်းတယ်။တံခါးဟာ ဝင်ခွင့်မရှိ ပိတ်ထားခဲ့ပါတယ်။

ငယ်ငယ်က ဖေဖေ့ကို ရှောင်းကျန့်သိပ်တွယ်တာတယ်။ ဖေဖေက နူးညံ့တယ် ၊ကင်မရာတစ်လုံးလွယ်ပြီး ဖေဖေသွားတဲ့အခါ တိုင်း ရှောင်းကျန့်လိုက်သွားတယ်။ ဆေးကူးနေတဲ့ ဖေဖေဘေးနား ရှောင်းကျန့်က ငြိမ်ငြိမ်ထိုင်တယ်။ ဖေဖေ့ဓာတ်ပုံတွေကို ကြည့်ရင်း လိုက်ဆွဲတယ်။ ပန်းချီဟာ ဓာတ်ပုံမှာ အခြေခံခဲ့ရတယ်။ရှောင်းကျန့်ဟာ ဖေဖေ့လိုဖြစ်ချင်ခဲ့တယ်။

A RACONTEUR  [Completed]Where stories live. Discover now