Part [33]

8.1K 1.2K 111
                                    

Song suggestion- LOST by May

Zawgyi version

ရှောင်းကျန့်က စာလိပ်ကလေးကို အမြန်ဖွင့်နေတယ်။ဘယ်တုန်းကများ ဒီစာကို ရိပေါ်ထားခဲ့တာပါလိမ့်၊ သူဘာလို့များ ဒီရက်တွေမှာ မမြင်ခဲ့တာလဲ ဘာတွေများရေးထားမလဲ ရှောင်းကျန့်က မေးခွန်းတွေ တသီကြီးနဲ့ စာရွက်ကိုဖြန့်တယ်။

စာထိပ်ဆုံးမှာ သို့ကျန့်ကော....လို့အစချီတယ်
စာလေးက ဤကဲ့သို့ဆိုပါတယ်...။

ကော ...

ကောအခုဒီစာကိုတွေ့ရင် ကျိန်းသေတာတော့ ကျွန်တော်တို့က ဝေးနေကြပြီပဲ ဘယ်အချိန်မှတွေ့မလဲဆိုတာ မသိတာမို့ မတွေ့ကြတာတစ်ရက်လား တစ်ပတ်လား တစ်လလား တစ်နှစ်လား မသိဘူး

ဖြစ်နိုင်ရင်တော့ စောစောတွေ့စေချင်တာပါပဲ
ကျွန်တော်ပြောချင်တာတွေ ရေးထားမိမှာမို့ပါ

အရင်ဆုံးလေ ကျွန်တော်ထွက်သွားတာ ကောအပြစ်မဟုတ်ပါဘူး ဒါကိုသိစေချင်ခဲ့တာ။ မျက်နှာချင်းဆိုင်မပြောနိုင်ခဲ့တာ နားလည်ပေးပါ ကျွန်တော်က လိမ္မာချင်ယောင်ဆောင်နေပေမယ့် တစ်ကယ်ကျ ထင်သလောက်မဟုတ်နိုင်ဘူးကောရဲ့ ကောကို ထင်သလောက် စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်ဘူး

ကျွန်တော်တို့ ဟိုနေ့ညကလေ ကောမျက်လုံးတွေထဲမှာ နောင်တတွေတွေ့တယ်။ကျွန်တော်ကြောက်တယ်ကောရယ် ကောကိုပိုပင်ပန်းစေမိမှာလည်း ကြောက်တယ် ပိုနစ်မွန်းစေမိမှာလည်းကြောက်တယ်။

ထားပါလေ။ကောက ပြန်မချစ်လို့ ကောက တုံ့ဆိုင်းနေလို့ကျွန်တော်ထွက်သွားတာမဟုတ်မှန်းသိစေချင်ရုံပါ။အမှန်တော့လေ ကျွန်တော်က ငယ်ငယ်ကတည်းက မိသားစုမရှိခဲ့တာမို့ မိသားစုတစ်စုလိုချင်ခဲ့တာ ကျွန်တော်ပိုင်ခဲ့ရတဲ့ မိသားစုလေးက ပျော်စရာထင်သလိုမကောင်းဘူးကောရဲ့ ပါပါးတို့က တစ်ကယ်ပျော်မနေဘူး။

A RACONTEUR  [Completed]Where stories live. Discover now