Part [9]

9.1K 1.2K 13
                                    


Song suggestion- My Love by Westlife

Zawgyi version

ရိပေါ်က ရှောင်းကျန့်ပြန်လာရင်ဆိုပြီး
စပျစ်ဝိုင်တွေလုပ်ထားတယ်

အိမ်ခန်းက ထုံးစံအတိုင်း ခပ်နွေးနွေးလေး၊ မီးလင်းဖိုက ထင်းရှူးတစ်စ လေအဝှေ့မှာ တစ်ချက်တောက်သွားတယ် ပြီးတော့ အခန်းလေးက အဝါရောင်နုနုလင်းတယ်။

အအေးခံထားတဲ့ စပျစ်ဝိုင်တစ်ချို့ရယ်
အညှာတောင် မချွေရသေးတဲ့
ခရမ်းနုနုစပျစ်သီးတစ်ချို့ရယ်

စပျစ်ဝိုင်ကို သေသေချာချာစမ်းမြည်းနေတဲ့ ရှောင်းကျန့်ကို ရိပေါ်က စာမေးပွဲအဖြေစောင့်နေတဲ့ ကျောင်းသားလို တမျှော်တလင့်နဲ့ ကြည့်တယ်။

ရေဒီယိုက သတင်းကြေညာတယ်
ယနေ့ရာသီဥတုက တိမ်အသင့်အတင့်နဲ့တဲ့
ရှောင်းကျန့်က ခပ်နွေးနွေးပြုံးလိုက်မိတယ်ထင်တယ်

စိတ်ပြေလက်ပျောက်ဆိုပြီး ရှောင်းကျန့်ကမြို့ထဲကို သွားဖို့ ကြံစည်တယ်။ပုံရေးဖို့အတွက် လိုအပ်တဲ့ စာရွက်တစ်ချို့ဝယ်ရမယ် ပြီးတော့ ဆေးတွေလည်း သိပ်မကျန်တော့တာ ဟိုတစ်နေ့က သတိထားမိတယ် ။ ပစ္စည်းတွေ ကူသယ်ဖို့ဖြစ်ဖြစ် ရိပေါ်ကိုလိုက်ခဲ့ဖို့ ခေါ်ကြည့်မယ်လို့လည်း တွေးလိုက်သေးတယ်။

ရိပေါ်ကဖြင့် သူဝယ်ပေးထားတဲ့တီရှုပ်အဖြူလေးနဲ့ စက်ဘီးအဝါလေးကို ခွစီးလို့ ၊ သွားတော့မယ်လေဆိုတဲ့ မျက်နှာပေးနဲ့ လှမ်းကြည့်တယ်။ ရှောင်းကျန့်က ရယ်ချင်နေတဲ့ မျက်နှာနဲ့ စက်ဘီးနောက်ကို လှမ်းတက်တယ်။

စက်ဘီးလေးကစထွက်တယ်
ခရီးလေးကလည်း သေချာတယ် သိပ်သာယာလိမ့်မယ်

ပုံပြင်ကို ရိပေါ်က လမ်းတစ်လျှောက်မှာဆက်ပြောပြတယ်

ဟန်က သိပ်ကိုချစ်ခဲ့တဲ့ဇာတ်လမ်းကို
ယနေ့အတွက် ဆက်ရပါမယ်

ဟန်တို့ချစ်သူတွေဖြစ်သွားကြတဲ့နောက် ထင်ထားတာထက် အရာရာက ရိုးရှင်းတယ်။ အစ်ကိုက မနက်ဆို ဟန်ရဲ့အိမ်ရှေ့ကို လာကြိုတယ်။ ဟန်က တရှောင်ရှောင်ဖြစ်တတ်တာမို့ အစ်ကိုက သူ့အပေါ်ဝတ်အနွေးထည်ကို အမြဲသယ်လာတတ်တယ်။ကျောင်းနဲ့အိမ်က သိပ်မဝေးတာမို့ ၁၅ မိနစ်လောက်လမ်းလျှောက်သွားရုံနဲ့ လုံလောက်ပြီ။ လမ်းတစ်လျှောက်မှာလည်း ဟန့်ကို အစ်ကိုက ဓာတ်ပုံလှမ်းလှမ်းရိုက်တတ်တယ်။

A RACONTEUR  [Completed]Where stories live. Discover now