Part [22]

7.5K 1.2K 71
                                    

Song suggestion- Youth by troye sivan (Acoustic)

Zawgyi version

ရိပေါ် ၃ နှစ်သားမှာ မိသားစုတစ်ခုကို ရခဲ့တယ်။ မိသားစုဆိုပေမယ့် ပါပါးတစ်ယောက်ပဲရှိတယ်။ ဂေဟာကိုလာလည်တဲ့ ပါပါးနဲ့ လိုက်သွားဖို့ ဂေဟာက မာသာကြီးက ပြောတယ်။သိပ်ငယ်သေးတာမို့ မှတ်ဉာဏ်တွေက ဝေဝေဝါးဝါးပါပဲ ။ရိဖန်ပါပါးလို့ ခေါ်ရမယ်မှန်းသိခဲ့တယ်။ ပါပါးက အမြဲအမည်းဝမ်းဆက်ပဲဝတ်ထားတယ်။မျက်မှန်အမည်းတစ်လက်နဲ့ တုတ်ကောက်တစ်ခုနဲ့ ပါပါးက အမြင်အာရုံချို့ယွင်းတာလို့ လူတွေပြောနေသံကြားရတယ်။ရိပေါ်ကတော့ အရမ်းချောတာပဲလို့ ပါပါးကိုပဲ ကြည့်နေခဲ့တယ်။

ရိပေါ်ဆိုတဲ့နာမည်ကို အဲဒီနေ့ညက ရခဲ့တယ်
ဝူရိပေါ် အသက်၃ နှစ်ဖြစ်တယ်..

ရိဖန်ပါပါးက ရိပေါ်ရဲ့ တွယ်တာစရာတစ်ခုဖြစ်တယ်။အမြဲတိတ်ဆိတ်နေတတ်တဲ့ ပါပါးက ရိပေါ်ကိုတော့ အရမ်းဂရုစိုက်တယ်။ညနေဖက်ဆို ပါပါးက အိမ်ရှေ့ကခြံထောင့်လေးမှာ ထိုင်တတ်တယ်။ ရိပေါ်က ဘေးနားက ဒန်းလေးမှာ ဟိုပြေးဒီပြေးစီးလို့ ဆော့လို့ တစ်ချက်တစ်ချက် ပါပါးက လှမ်းလှမ်းဆူတယ်။ညနေခင်းတွေက ထင်သလောက် အထီးမကျန်ဘူး။ဂေဟာက သူငယ်ချင်းတွေကို လွမ်းပေမယ့် ပါပါးက အနားမှာရှိတယ်။

ရိပေါ်အသက် ၆ နှစ်

ဟန်ဆိုတဲ့လူတစ်ယောက်က ပါပါးနဲ့ရိပေါ်ဘဝဆီ ဝင်လာခဲ့တယ်။ ညနေဘက် ကားအကောင်းစားကြီးကနေ ဆင်းလာတဲ့ ဟန်ဆိုသူက သိပ်သိပ်သိပ်ကိုလှတယ်။ ဆံပင်ဖျော့ဖျော့လေးနဲ့ ကြယ်လိုလက်နေတဲ့ မျက်လုံးတွေနဲ့ သိပ်ကိုချောတယ်လို့နောက်ကျ ရိဖန်ပါပါးကို ပြန်ပြောပြတဲ့အခါ ရိဖန်ပါပါးက သဘောတကျရယ်တယ်။

ဟန်လာတဲ့နေ့က အိမ်မှာနေရတာ ရိပေါ်ကြောက်တောင်ကြောက်တယ်။ဟန်က အရမ်းငိုတယ်။ မျက်လုံးလှလှလေးတွေ နီရဲမို့တက်နေတဲ့အထိ အော်ငိုတယ်။ ဘေးနားမှာ ရိဖန်ပါပါးက ခုံတစ်ခုံမှာ ထိုင်နေရင်းနဲ့ မျက်ရည်ကျတယ်။ရိပေါ်က ဘေးနားကနေ ဘယ်သူ့ကိုချော့ရမှန်းမသိဖြစ်နေခဲ့တယ်။ထို့နောက်မှာတော့ ရိပေါ်ပါပါးတစ်ယောက်ထပ်ရခဲ့တယ်။

A RACONTEUR  [Completed]Where stories live. Discover now