Extra [1]

10K 1.1K 39
                                    


Song suggestion- Perhaps Love by Eric Nam and CheeZe

Zawgyi version

အိမ်တံခါးကို ရိပေါ်က ဖွင့်တယ်။ဟိုးအရင်အိမ်အမျိုးအစားဖြစ်တဲ့အတိုင်း ခေတ်မှီမှီအော်တိုသော့အမျိုးအစားမဟုတ်တာမို့ သော့တံကိုထိုးလို့ဖွင့်ရတဲ့ တံခါးဖြစ်တယ်။ရိပေါ်က ဝယ်လာတဲ့အထုပ်တစ်ချို့ကို ကြမ်းပြင်ကိုချလိုက်ပေမယ့် သူဆုပ်ကိုင်ထားတဲ့ ရှောင်းကျန့်လက်တစ်ဖက်ကိုတော့ မလွှတ်လာခဲ့ဘူး။လက်ကိုကိုင်ထားရင်းနဲ့ တံခါးကိုဖွင့်တယ် ပြီးတော့ အထုပ်တွေကိုပြန်ကောက်ယူပြီး အခန်းထဲကို ခြေလှမ်းတယ်။

ရှောင်းကျန့်က အနည်းငယ်တော့ အိုးတိုးအမ်းတမ်းဖြစ်ချင်နေတယ်။ သူတခြားသူအိမ်ကို လိုက်မလာဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အတွေးနဲ့ အနည်းငယ်ပြုံးမိတယ်။

အခုတော့ တည်းခိုခွင့်တောင်းပါတယ်ဆိုတဲ့
ဧည့်သည့်လေးရဲ့ အိမ်ကိုရှောင်းကျန့်က
တဖန်ပြန်လို့ လိုက်လာဖြစ်ခဲ့ပြီဖြစ်တယ်..။

အိမ်ခန်းထဲကိုဝင်လိုက်တာနဲ့ မီးတွေအလိုလိုပွင့်တဲ့စနစ်ကြောင့် တအိမ်လုံးက အရမ်းကိုလင်းထိန်သွားတာတွေ့ရတယ်။သိပ်အလင်းမကြိုက်တဲ့ရှောင်းကျန့်က ဒီလောက်လင်းထိန်နေတဲ့အိမ်ကို မမြင်ဖူးတာမို့ နည်းနည်းတောင် အံ့ဩသွားရတယ်။ မဟုတ်သေးပါဘူး...ရိဖန်ဆိုတဲ့လူက အမှောင်ကြောက်တာများလား သူသိသလောက် ဖေဖေရော ရိပေါ်ရောက အမှောင်မှမကြောက်တာ ဒီလောက်လင်းထိန်နေအောင် မီးချောင်းတွေအပြည့်တပ်ထားစရာမရှိလို့ ရှောင်းကျန့်ကထင်တယ်။

ရိပေါ်က တအံတဩကြည့်နေတဲ့ရှောင်းကျန့်ကို
ရိပ်မိဟန် ပြုံစိစိနဲ့ပြန်ကြည့်တယ်။

"ကျွန်တော်က အမှောင်ကြောက်တယ် ကောရဲ့
ငယ်ငယ်လေးတုန်းက အခန်းကျဉ်းထဲ ပိတ်မိခံရဖူးလို့
ရိဖန်ပါပါးက မီးချောင်းတွေအများကြီးတပ်ပေးတာ"

ပြောပြီး ရိပေါ်က ပြန်လှည့်ထွက်သွားပေမယ့် ရပ်နေရာကနေ ဆက်မလှမ်းနိုင်တာက ရှောင်းကျန့်ဖြစ်တယ်။ရှောင်းကျန့်ရဲ့ အိမ်ခန်းလေးက အမြဲမှောင်နေတတ်တာ၊ ညဆိုရင်လည်း မီးတွေအလိုက်သတိနဲ့ပိတ်ပေးတတ်တာ ရိပေါ်ဖြစ်တယ်။

A RACONTEUR  [Completed]Where stories live. Discover now