Part [4]

11.5K 1.4K 19
                                    

Song suggestion- take me to your heart
By Michael learns to Rock

Zawgyi version

အဲဒီနေ့ညက ပုံမှန်ထက်
ရှောင်းကျန့်စောစောအိပ်ရာဝင် ဖြစ်ခဲ့တယ်

နေ့ခင်းဘက်က ပုံတွေဆွဲပြီးသွားတာရယ် နောက် ရိပေါ်က စောစောအိပ်ဖို့ သတိလာလာပေးနေတာရယ်နဲ့ ရှောင်းကျန့်အိပ်ရာပေါ်ကို စောစောရောက်နေခဲ့တာ

ပုံမှန်ဆို နေ့တစ်ရက်ကုန်သွားရင် ရှုပ်ပွကျန်နေတတ်တဲ့ ရှောင်းကျန့်အခန်းက အခုတော့ ပစ္စည်းတွေ သူ့နေရာနဲ့သူ နေသားတကျအစီအရီနဲ့၊အငြိမ်မနေဘဲ တစ်ခုပြီးတစ်ခု လိုက်ရှင်းနေတဲ့ ရိပေါ်ကို ရှောင်းကျန့်တစ်ချက်တော့ တားလိုက်ပါသေးတယ်။

ရိပေါ်က ခပ်ပြုံးပြုံးနဲ့ ခေါင်းငြိမ့်ပြပေမယ့် ခဏနေတော့ ဆက်ရှင်းနေတာပါပဲ။ ရှောင်းကျန့်လည်း ထပ်မတားဖြစ်တော့ဘူး။အိမ်မှာလာနေတာမို့ အိမ်ကူရှင်းပေးတာက ဖြစ်သင့်တာပဲလို့ ရှောင်းကျန့်က တွေးလိုက်တယ်။

နေ့လည်ကလည်း ရှောင်းကျန့်ဟင်းမချက်လိုက်ရဘူး။ တစ်ယောက်တည်းနေတတ်တဲ့အပြင် ဘယ်အရာကိုမှ အာရုံသိပ်မထားချင်တတ်တဲ့သူမို့ နေ့လည်စာတွေဟာ ပေါင်မုန့်ကြမ်းနဲ့ တူနာငါးလောက်ပဲဖြစ်နေတတ်တယ်။ ညစာဆိုလည်း မစားဘဲ ကျော်သွားဖြစ်တာများတယ်။

ဒီနေ့တော့ ရိပေါ်က အမဲသားတွေဈေးကနေ သွားဝယ်လာတာတွေ့လိုက်တယ်။ မနေ့က လမ်းပျောက်လာတဲ့ ကောင်လေးက ဒီနေ့တော့ သူ့ဘာသာသူ ဈေးအထိ သွားပြီး အဆင်တွေပြေလို့၊ ရိပေါ်လုပ်ပေးတဲ့ အမဲသားစတူးက မဆိုးဘူး ။ တော်တော်လေးအဆင်ပြေတယ်။

ညနေကျ ရိပေါ်က ရှောင်းကျန့်နဲ့အတူတူ ဝိုင်အဖြူတစ်ခွက်လိုက်သောက်တယ်။ ပြီးတော့ ညနေခင်းသတင်းတွေကို ရေဒီယိုကနေ ဖွင့်ပြီးနားထောင်နေတယ်။ အသံတွေကြောင့် စိတ်နည်းနည်းရှုပ်သွားတဲ့ ရှောင်းကျန့်က ပိတ်ခိုင်းဖို့ စဉ်းစားလိုက်သေးတယ်။

ခပ်တည်တည်နဲ့ သတင်းနားထောင်နေတဲ့ ကောင်လေးကို စကားတွေအများကြီး မပြောချင်တာမို့ ရှောင်းကျန့်ဘာမှမပြောလိုက်၊တစ်ကယ်လည်း ခဏနေတော့ ရိပေါ်က သတင်းကို ပိတ်သွားတယ်။

A RACONTEUR  [Completed]Where stories live. Discover now