Part [14]

8.2K 1.3K 42
                                    

Song suggestion- close by Westlife

Zawgyi version

မနက်လင်းခါစမို့ အပြင်ဘက်က သိပ်မလင်းသေး

မှောင်ရိပ်နည်းနည်းသန်းတဲ့ကောင်းကင်အောက်မှာ လူတစ်ယောက်က ခပ်သွက်သွက်လျှောက်နေတယ်။တိတ်ဆိတ်တဲ့မြို့လေးမို့ နားစိုက်ထောင်ကြည့်ရင် ခြေသံဖွဖွကို အတိုင်းသားကြားနိုင်မယ်။

ငှက်ကလေးတွေ အိပ်တန်းတက်တုန်း
နေနီဝန်းက အိပ်စက်နားနေတုန်း

ဆောင်းဦးဝင်ပြီမို့ ရာသီဥတုက အအေးဘက်ကိုအားသန်စပြုပြီ။ ရိပေါ်ကတော့ လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်နယ်ရင်း ပြခန်းဆီ တရွေ့ရွေ့ဦးတည်သွားတယ်။ပြခန်းအတွက် ပြင်ဆင်စရာတွေက သိပ်များတယ်။

နံရံတွေကို အဝါသုတ်ပြီးပေမယ့် မျက်နှာကျက်တွေ ကျန်သေးတယ် ။ အဝါနဲ့မို့အဖြူလေးက ကြည့်ကောင်းမယ်လို့ ရှောင်းကျန့်ကပြောတယ်။လှေကားလက်တန်းတွေကိုလည်း ဆေးနည်းနည်းတော့ ထပ်သုတ်ရမယ်။ ပြီးတော့ အိမ်ရှေ့က ပန်းပင်စိုက်ထားတဲ့ ခြင်းတွေရောပဲ။

ပန်းချီကားတွေကိုလည်း နေရာတကျ ရိပေါ်မချရသေးဘူး။ ဒီတာဝန်ကိုတော့ ကျန့်ကောက ပိုလုပ်တာအဆင်​ပြေမှာ ရိပေါ်က ပုံတွေကိုကျ ဘယ်လိုဖြစ်ဖြစ် ရှောင်းကျန့်လောက် ဘယ်နားလည်နိုင်ပါ့မလဲ။

ကျန့်ကောကို ပုံနေရာချခိုင်းရမယ် ရိပေါ်ကစဉ်းစားတယ်။ပြခန်းနဲ့အိမ်က သိပ်မဝေးဘူး မိနစ်၂၀လောက်မြန်မြန်သွားရင်ရတယ်။ ရှောင်းကျန့်ကို ပင်ပန်းမှာစိုးလို့စက်ဘီးကို အိမ်မှာပဲ ထားခဲ့တယ်။ရှောင်းကျန့်က မနိုးသေးတာရယ် လုပ်စရာတွေများတာရယ်မို့ ရိပေါ်တစ်ယောက်တည်းထွက်လာခဲ့တာ။

ရှောင်းကျန့်နိုးလာရင် လိုက်လာမယ်ထင်တယ်။ ကျန့်ကောစိတ်ကြည်နေတဲ့အချိန်မို့ သူပြောပြရမယ့် ပုံပြင်ကို ခဏရပ်ထားဖို့ တွေးထားတယ်။ ဇာတ်လမ်းက သိမ်းတယ်ဆိုပေမယ့် တစ်ဖက်မှာ ဆက်ပြီး နာကျင်ရမှာတွေရှိတယ်မလား။ ခပ်ယဲ့ယဲ့ရှောင်းကျန့်ကို ရိပေါ်က ဘာမှဆက်မရှင်းပြချင်ဘူး။ တာဝန်တွေဆိုပေမယ့် အရေးကြီးမှုအစဉ်လိုက်မှာ နောက်ရောက်ပါတယ်။

A RACONTEUR  [Completed]Where stories live. Discover now