Part [13]

8.2K 1.2K 33
                                    

Song suggestion- Country road by John Denver

Zawgyi version

တနင်္ဂနွေနေ့တစ်နေ့
ဟန့်ဆီကို ဖိတ်စာတစ်စောင်ရောက်လာတယ်

ခပ်မြန်မြန်သတို့သားနာမည်ကို ကြည့်လိုက်တဲ့အခါ ရိဖန်ဆိုတာကို တွေ့တယ်။ ထင်ထားတဲ့အတိုင်းပါပဲ အစ်ကိုက အဆင်ပြေနေခဲ့တာပဲ။အိပ်ရာပေါ်ကို အရုပ်ကြိုးပြတ်ကျသွားတဲ့ ဟန်က ခုတင်ဘောင်ကို အားယူပြီးထတယ်။

ဖြုတ်ချသွားတဲ့ လက်တစ်ဖက်အတွက် ဟန်ဘာဆက်လုပ်လို့ရပါ့မလဲ။အခန်းဝကနေ စိတ်ပူနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ ဟန့်ပါပါးကို ပြုံးပြဖို့ကြိုးစားရင်း ခေါင်းငြိမ့်ပြလိုက်တယ်

ငိုချင်နေတာ ဟန်ပဲသိပါတယ်

နောက်တနင်္ဂနွေနေ့ တစ်ပတ်အကြာဟန်လက်ထပ်ရတော့မယ်တဲ့ အသည်းအသန်ငြင်းဆန်ထားတဲ့ ပွဲကို ဟန်ဟာ ဘာမှမတွေးတော့ဘဲ လက်ခံလိုက်ခဲ့မိတယ်။

အချိန်တွေက အကုန်မြန်တယ်
မင်္ဂလာပွဲနေ့ကို ချက်ချင်းရောက်လာတယ်

အဆင်သင့်စီစဉ်ထားတဲ့ ပွဲကို ဟန်ကသွားလိုက်ရုံပဲ။ ဟန်က အဖြစ်အပျက်တွေအကုန်လုံးကို လိုက်မှီအောင် မနည်းလုပ်နေခဲ့ရတယ်။ သတို့သမီးနဲ့ ပွဲနေ့မှ တွေ့ရတဲ့ သတိုးသားအဖြစ်နဲ့ ဟန်က ခါးသက်သက်ပြုံးနေခဲ့ရတယ်။

အချိန်က (၂) နာရီ
သင်းအုပ်ဆရာက လက်ထပ်ပွဲကိုဦးဆောင်ကျင်းပတယ်
ဟန်ကတော့ ရှေ့တည့်တည့်ကိုကြည့်လို့

ဘုရားကျောင်းခန်းမဘေးက ပြတင်းတံခါးကို ဘယ်သူမှ သတိမထားမိဘူး။ အရိပ်တစ်ခုဟာ တဖြည်းဖြည်းဝေးကွာသွားတယ်။သေတပန်သက်တဆုံးပေါင်းသင်းသွားပါ့မယ်ဆိုတဲ့ ကတိတစ်ခွန်းနဲ့ ဟန်က အချည်နှောင်ခံလိုက်တယ်။

အချိန်က (၄) နာရီ
ပွဲက အောင်မြင်စွာပြီးဆုံးတယ်
ဇာတ်လမ်းတစ်ခုက ထိုနေ့မှာ ပြီးဆုံးခဲ့ပါတယ်

...................................................................

ရှောင်းကျန့်က ဒီတစ်ပတ်အတွက် ပန်းချီကားတွေကို ပို့ဖို့နောက်ကျသွားတဲ့အတွက် နည်းနည်းတော့ စိတ်ညစ်နေတယ်။ အမှန်ဆို ပန်းချီကားတွေကိုတော့ သတိထားပို့လိုက်ရမှာ အခုတော့ နောက်တစ်ပတ်စောင့်နေရတော့မယ်။

A RACONTEUR  [Completed]जहाँ कहानियाँ रहती हैं। अभी खोजें