Final

14.3K 1.4K 198
                                    

Song suggestion- River flows in you by Yiruma

Zawgyi version

ဒီနေ့ဆို ရိပေါ်ထွက်သွားတာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်တယ်
အိမ်ရှေ့ခန်းက ပြက္ခဒိန်မှာ မှင်နီနဲ့ခြစ်ချထားတဲ့ရက်ကလေးတွေရေတွက်ကြည့်မယ်ဆို တော်တော်များနေပြီ။

ထင်ထားတာထက် အချိန်တွေကကုန်တာမြန်ပါတယ်။ရှောင်းကျန့်က ပုံတွေပုံမှန်ပြန်ဆွဲနိုင်ခဲ့ပြီ နောက်တော့ အရင်ကလိုပဲ ပြခန်းတစ်ချို့ကိုပို့ပေးတယ်။ ရိပေါ်ရှိတုန်းက ပြခန်းတွေဆီ ပို့ပေမယ့် ဈေးကိုရိပေါ်က သေချာဆုံးဖြတ်တာမို့ အရင်လိုတော့ ပြခန်းတွကေ​ဈေးမနှိမ်ကြတော့ဘူးဖြစ်တယ်။

ရိကျန့် ...Yizhan muzèe ကိုတော့ သော့ခတ်ပြီးဒီအတိုင်းပဲထားဖြစ်တယ်။ရိပေါ်လက်တွေနဲ့ သေချာပြင်ဆင်ထားတာမို့ ဖျက်သိမ်းလိုက်ဖို့ကိုတော့ ရှောင်းကျန့်ကမလုပ်နိုင်ဘူး ဆက်စီစဉ်ဖို့ကလည်း အဆင်မပြေတာမို့ ပိတ်ထားရုံပဲတတ်နိုင်တယ်။

ဘေးအိမ်က အန်ကယ်ရောဘတ်ကတခါတခါတွေ့ရင် သတိတရမေးတယ်။ မင်းညီလေးလေ ဖြူဖြူကောင်လေး ဘယ်မှာလဲတဲ့

ကျွန်တော်လည်း သိချင်နေတာလို့ ဖြေတော့
အန်ကယ်ရောဘတ်က တအံ့တဩရယ်တယ်

ဟုတ်တယ် ရယ်စရာပဲနော်
မင်းဘယ်မှာလဲ ငါကသိချင်တယ်
ပြီးတော့ ပြန်တွေ့ချင်တယ်

ရှောင်းကျန့်က အရင်နဲ့မတူအစောကြီးနိုးနေတတ်ပြီဖြစ်တယ်။အိပ်ရာကနေ ထလိုက်တဲ့အခါ သောက်လက်စဝိုင်ပုလင်းတွေကို ကုတင်ဘေးမှာ တွေ့ရတယ်။ ဖန်ခွက်တစ်ခွက်ကကွဲလို့ ဖန်စတွေက ပြန့်ကျဲနေတယ်။

ညက...ညက သူတိုက်မိပြီးကျကွဲသွားတာထင်တယ်

ရှောင်းကျန့်က ဖန်ကွဲစတွေကိုကျော်နင်းပြီး ပြက္ခဒိန်ချိတ်ထားတဲ့ အိမ်ရှေ့ကတိုင်ဆီလှမ်းတယ်။ မှင်နီကိုကိုင်ပြီး ခပ်ကြီးကြီးခြစ်ပစ်လိုက်တယ်။

တစ်ရက်....နောက်တစ်ရက်ကို ကုန်ဖို့ကြိုးစားရဦးမယ်
ပြီးတော့ သူမရှိသေးဘဲဖြစ်တယ်

A RACONTEUR  [Completed]Tempat cerita menjadi hidup. Temukan sekarang