Part [2]

16.9K 1.8K 16
                                    

Song suggestion - That's why you go away
by Michael learns to rock

Zawgyi version

"အင်း ဝင်ပါ"

ရှောင်းကျန့်သတိဝင်လာတဲ့တခဏ ပြန်ဖြေလိုက်ရတယ်။ ရုတ်တရက် လူတစ်ယောက်ကို မြင်လိုက်ရတာရယ် ခွင့်တောင်းလိုက်တဲ့အသံကို ကြားလိုက်ရပြီး ချက်ချင်း ဘယ်လို ပြန်ပြောရမလဲမသိလိုက်ခဲ့။

တစ်ကယ်လည်း အဲဒီခဏမှာ ရှောင်းကျန့်ရဲ့ ဘဝထဲကို
ပုံပြင်တစ်ပုဒ်က ခွင့်တောင်းပြီး စတင်ဝင်လာခဲ့ပါတယ်
တိုးတိုးလေးနဲ့ နှေးနှေးလေး ခပ်ဖြည်းဖြည်းလေး
တစ်ပိုင်းပြီး တစ်ပိုင်းစီ တစ်ရက်ချင်းတစ်ရက်ချင်း

မီးတွေတောက်နေတဲ့ မီးလင်းဖိုဘေးမှာ လက်နှစ်ဖက်ပိုက်ပြီး ငုတ်တုတ်ထိုင်နေတဲ့ ကောင်လေးကို ရှောင်းကျန့် ငေးကြည့်နေမိတယ် ။ ကောင်လေးနာမည်က ရိပေါ် အသက်က ၁၉ နှစ် တရုတ်လူမျိုး ရှောင်းကျန့်နေတဲ့ Vézelayမြို့ကို လာလည်တာ၊ လမ်းပျောက်လာလို့ ခဏတည်းခွင့်ပေးပါလို့ပြောတယ် ။

ဒါတွေတော့ ကောင်လေးခုနက ပြောပြတာမို့ ရှောင်းကျန့်ကြားလိုက်တယ်။ဝင်လာပြီးပြီးချင်း မိတ်ဆက်သွားတာ တစ်ကယ်တော့ ကြားတစ်ချက် မကြားတစ်ချက်လိုပါပဲ၊ သိပ်တော့ အရေးပါတဲ့ မိတ်ဆက်ခြင်းတွေမှ မဟုတ်တာ ခေါင်းထဲသိပ်မထည့်ချင်ဘူး။

ဒီမြို့ကို လာလည်တဲ့ ကောင်လေးက ဘာလို့ တောင်ထိပ်ရဲ့ အစွန်ဆုံးအိမ်ဖြစ်တဲ့ ရှောင်းကျန့်အိမ်ကိုမှ တံခါးလာခေါက်တာလဲ ရှောင်းကျန့်က မေးတော့မေးကြည့်ချင်တာ၊ အမှန်ဆို တောင်ထိပ်ထက် တောင်ခြေမှာရှိတဲ့ အိမ်တွေဆီ အကူအညီတောင်းတာက ပိုပြီး အန္တရာယ်ကင်းမှာ မဟုတ်ဘူးလား။

နောက်တော့လည်း မမေးဖြစ်တော့ဘူး။ မိုးသည်းနေတဲ့ ညမှာ ခဏတဖြုတ်လာတည်းတဲ့ ဧည့်သည့်ကို မယုံသကာင်္တွေ မေးမနေချင်ဘူး။မေးနေလည်း ဖြေချင်မှဖြေကြတာ လူတွေက နောက်ပြီး ဖြေတိုင်းလည်း အမှန်လို့မှ ယူဆလို့မရတာ၊ ပြီးတော့ ရှောင်းကျန့်က စကားတွေလည်း အများကြီး ပြောရတာမကြိုက်ဘူး။စကားတွေအများကြီး နားထောင်ရမှာလည်း မလိုလားဘူး။

A RACONTEUR  [Completed]Where stories live. Discover now