Part [19]

7.5K 1.2K 16
                                    

Song suggestion- Thein Mwae swar thay sone chin by Rachel

Zawgyi version

ရိပေါ်က ခဏတော့ ငြိမ်သက်သွားပြီးမှ ရှောင်းကျန့်ကို တိုက်ဖို့ဖွင့်ထားတဲ့ ဆေးဘူးလေးကို အဖုံးသေချာပြန်ရစ်နေတယ်။ရှောင်းကျန့်အမေးစကားကိုမကြားသယောင် ဆတ်ခနဲပြန်ငုံ့သွားခဲ့တယ်။ရှောင်းကျန့်ကတော့ ရိပေါ်မျက်နှာကိုပဲ အသေးစိတ်လိုက်ကြည့်နေခဲ့တယ်။အထူးသဖြင့် မျက်ဝန်းတွေ ပြီးတော့ မနည်းထိန်းထားရတဲ့ တုန်ယင်နေတဲ့ လက်ချောင်းတွေ တစ်ချက်တစ်ချက်မြန်မြန်ခတ်လိုက်ရတဲ့ မျက်တောင်ဖျားတွေ ဝေ့သီနေတဲ့မျက်ရည်စတွေ ဆတ်ခနဲလှုပ်လှုပ်သွားတဲ့ နှုတ်ခမ်းပါးတွေ....

ဘုရားရေ ရိပေါ်ကလည်း နာနာကျင်ကျင်ထိခိုက်ထားတာပဲ ရိပေါ်ကလည်း တစ်စုံတစ်ခုကို ပျောက်သွားမှာ ကြောက်နေတဲ့ ကလေးတစ်ယောက်ဖြစ်နေခဲ့တာပဲ။တူတူနေတဲ့ အချိန်အတွင်း ရှောင်းကျန့်ဟာ ရိပေါ်ကို ပထမဆုံးအကြိမ် စတင်နားလည်ဖို့ ကြိုးစားလိုက်မိတာပဲ ပြီးတော့ ရှောင်းကျန့်က အခုချက်ချင်း ချောင်တစ်ခုကို ခိုဝင်ငိုချင်သလို ပင်ပန်းနွမ်းလျလာခဲ့ပါတယ်။

ချောင်တစ်ခုလည်းဖြစ်တယ်
ချောက်တစ်ခုလည်းဖြစ်တယ်
တစ်ခါတစ်ရံ ခိုဝင်စရာ
တစ်ခါတစ်ရံ လွတ်မြောက်ချင်စရာ

ရိပေါ်က မျက်နှာလုံးဝမော့မလာတော့ဘဲ အောက်ကိုပဲ ငုံ့ကြည့်နေခဲ့တယ်။ ရှောင်းကျန့်က မေးခဲ့ပေမယ့် ရှောင်းကျန့်ကပဲ အရာအားလုံးကို အဆုံးသတ်ဖို့ စတင်အဖြေတစ်ခုပေးရတော့မယ်ထင်တယ်။

"ရိပေါ် လည်း အိမ်ပြန်သင့်ပြီလေ
ဒီအိမ်မှာ ဘယ်လောက်ကြာအောင် နေမလို့လဲ.."

ရိပေါ်က မေးခွန်းကို ထပ်ကြားကြားချင်း နာကျင်နေတဲ့ မျက်ဝန်းတွေနဲ့ ရုတ်တရက်ပြန်မော့ကြည့်လာခဲ့တယ်။ နီစွေးနေတဲ့ မျက်ခမ်းသားတွေက ငိုမချမိအောင် မနည်းထိန်းထားရမှန်း သိသာစေတယ်။

"ကျန့်ကော တစ်ခုခုကိုသိသွားပြီမလား
ဒါဆို အပြစ်တင်လိုက်လေ ကျွန်တော့်ကို စွပ်စွဲလေ
ဘာလို့နှင်ထုတ်နေတာလဲ
အရာရာကိုကျော်ချမသွားချင်စမ်းပါနဲ့"

ရှောင်းကျန့်က ရိပေါ်အမေးစကားကို မနည်းလိုက်မှီအောင် စဉ်းစားနေခဲ့တယ်။ သူဒီမေးခွန်းမေးကတည်းက သူသိသွားပြီမှန်း ရိပေါ်သိသားပဲမလား။ ရှောင်းကျန့်က ရိပေါ်ကို ထွက်သွားဖို့ ထွက်ပေါက်တစ်ခုဖွင့်ပေးခဲ့တာလေ ဒါကို ရိပေါ်က ဘာလို့သိပ်ကို နာကျင်သွားခဲ့ရတာလဲ။

A RACONTEUR  [Completed]Where stories live. Discover now