Part [8]

9.1K 1.4K 30
                                    

Song suggestion- Home by Michael bubble

Zawgyi version

ဈာပနပွဲက ရှောင်းကျန့်မရှိလည်း သူ့ဘာသာစီစဉ်ပြီးသားမို့ ရှောင်းကျန့်က ဧည့်သည်တစ်ယောက်လိုတောင် ဖြစ်နေခဲ့တယ် ။ ဖေဖေက သူ့အခြေအနေသူသိတာမို့ ထွက်သွားဖို့ အကုန်ပြင်ဆင်သွားခဲ့တယ်လို့လည်း အိမ်ထိန်းဦးလေးက ပြောပြတယ် ။

ဝတ္တရားအရ နှုတ်မဆက်လို့ မကောင်းတဲ့လူတချို့လောက်ကိုပဲ စကားစမြည်ပြောပြီး ရှောင်းကျန့်အပေါ်ထပ်ကို တက်လာခဲ့တယ်။

အဖြူရောင်တိုက်က အခုတော့ နည်းနည်းအရောင်တွေပျက်နေပြီ။ တချို့မီးဆိုင်းတွေက ပျက်နေသလိုမို့ မီးမလင်းတော့ ။အိမ်က အိုဟောင်းခဲ့ပြီ။

ဖမ်းဆုပ်ရသမျှ အငွေ့အသက်တွေက မွန်းကျပ်ကျပ်နဲ့

ဘယ်တုန်းကမှ မိသားစုပုံမချိတ်ထားတာမို့ အိမ်ရှေ့အခန်းမှာ မိသားစုံပုံတစ်ပုံမှ ရှိမနေ၊ တစ်ခုပဲ ရှောင်းကျန့်ရဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အိမ်ထိန်းဦးလေးက တောင်းလို့ ပို့ပေးလိုက်တဲ့ ဓာတ်ပုံကိုတော့ အိမ်ရှေ့စားပွဲပေါ်မှာ ထောင်ထားတာ တွေ့ရတယ်။ စားပွဲဘေးမှာလည်း ဖေဖေထိုင်နေကျ ဆုံလည်ခုံလေးကို တွေ့ရတယ်

ဒါကို မြင်ရတာ ရှောင်းကျန့်မကြိုက်ဘူး
ကိုယ်ခွင့်မလွှတ်နိုင်သူကို
သနားရတာ ရှောင်းကျန့်မလုပ်ချင်ဘူး

အိမ်ရဲ့ အပေါ်ထပ်မှာ အိမ်ခန်းသုံးခန်းရှိတယ်
ရှောင်းကျန့်အခန်းရယ်
ဖေဖေ့အခန်းရယ် မေမေ့အခန်းရယ်
မေ့မေ့အခန်းနဲ့ ရှောင်းကျန့်အခန်းက သော့တွေခတ်ထားတယ်
အိမ်ကအရင်ကလိုပဲ ခြောက်သွေ့သွေ့နဲ့

တစ်အိမ်လုံးမှာ ပိတ်ထားတဲ့ အခန်းနှစ်ခန်းနဲ့ နှစ်ရှည်လများ တူတူနေသွားတဲ့ ဖေဖေ့ကို ရှောင်းကျန့် မျက်စိထဲ မြင်ယောင်လာတယ်။ ဖေဖေက သိပ်အထီးကျန်ခဲ့မယ်ထင်တယ် ။

ရှောင်းကျန့်နားမလည်နိုင်တဲ့ အိမ်ထောင်ရေးပုစ္ဆာကိုလည်း အိမ်ရဲ့ ပုံရိပ်ယောင်လိုပြန်မြင်လာတယ်။

A RACONTEUR  [Completed]Where stories live. Discover now