Part [27]

7.9K 1.2K 22
                                    

Song suggestion- you are my sunshine
by Jasmine Thompson

Zawgyi version

ရိပေါ်က အိမ်ရှေ့က စားပွဲရှည်မှာထိုင်ရင်း သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းနေတယ်။အမိုးအကာမရှိတဲ့ ခြံအရှေ့ဘက်ဖြစ်တာမို့ နေရောင်က မျက်နှာပေါ်ကို တည့်တည့်ထိုးတယ် ဒါကိုလည်း ရိပေါ်က သိပ်ဂရုမထားသလိုပါပဲ။သစ်ပင်အစိမ်းတွေက ဟိုနေရာဒီနေရာအပြည့်နဲ့ ရှိနေတဲ့ခြံလေးထဲမှာမို့ နေပြောက်ထိုးပေမယ့် မခံမရပ်နိုင် ပူနေတာမျိုးမရှိတာလည်းပါမယ်ထင်ပါတယ်။

ရိပေါ်တီးနေတဲ့ သီချင်းက ခပ်အေးအေးလေး၊မျက်စိမှိတ်လို့ တီးနေလို့ရတဲ့အထိ ဒီသီချင်းကို ရိပေါ်က ရင်းနီးနေတယ်ထင်တယ်။စိတ်တွေကို သီချင်းထဲကို အပြည့်ထည့်ထားဟန်နဲ့ ရိပေါ်က အနားလာရပ်တဲ့ ရှောင်းကျန့်ကို သတိမမူမိဘူး။

တစ်ချက်တစ်ချက် သံစဉ်လေးက တိမ်ကျသွားတယ်။ပြီးတော့ သက်ပြင်းချသံတိုးတိုးနဲ့ ရောပြီးပြန်ကျယ်ချင်ကျယ်လာတတ်တယ်။ စာသားလေး ရိုးတယ်ရှင်းတယ် ပြီးတော့ လွမ်းဆွေးချင်စရာလည်းကောင်းတယ်။

The other night dear, as I lay sleeping
I dreamed I held you in my arms
But when I awoke, dear, I was mistaken
So I hung my head and I cried
You are my sunshine, my only sunshine
You make me happy when skies are gray
You'll never know dear, how much I love you
Please don't take my sunshine away

I'll always love you and make you happy
If you will only say the same
But if you leave me and love another
You'll regret it all some day

ရိပေါ်က သီချင်းကို အဆုံးသတ်ရင်း ဂစ်တာကြိုးတွေကို လက်နဲ့အသာထိလို့ရပ်လိုက်တယ်။မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အခါ ထင်ထားတဲ့နေရောင်ခြည်စူးစူးနဲ့အတူ မျက်ဝန်းတစ်ချို့နဲ့ ခလုတ်တိုက်မိတယ်။ရှောင်းကျန့်က ပြုံးပြရင်း မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်။ လက်ထဲမှာ ရှောင်းကျန့်အခုတလောဖတ်နေတဲ့ စာအုပ်လေးပါတယ်။ ရိပေါ်က ပြန်ပြုံးပြရင်း နေရာကနေ အသာထတယ်။

နောက်ကနေ ငေးကြည့်နေတဲ့ ကျန့်ကောမျက်ဝန်းတစ်ချို့ကို သူပြန်လှည့်ကြည့်စရာမလိုဘဲ ရိပေါ်က ခံစားမိတယ်။အခုရက်တွေမှာ ရှောင်းကျန့်ကို သူရှောင်နေမိတယ်ဒါကို သူလည်းသိသလို ရှောင်းကျန့်လည်းသိတယ်။ရှောင်းကျန့်သာ ဘာလို့ရှောင်နေတာလဲမေးရင် ရိပေါ်ဘာပြန်ဖြေရမလဲမသိဘူးဖြစ်တယ်။

A RACONTEUR  [Completed]Where stories live. Discover now