Part [20]

7.6K 1.2K 20
                                    

Song suggestion- Lost Boy By Ruth.B

Zawgyi version

ရှောင်းကျန့်က ဒီရက်တွေကို ဘယ်လိုကျော်ဖြတ်လာခဲ့သလဲ အမှန်တော့ သူကိုယ်တိုင်လည်း သေချာသိမနေခဲ့ဘူး။ ရိပေါ်က ပြန်မလာခဲ့ဘူး။ ပြန်မလာခဲ့ဘူးဆိုပေမယ့် ရိပေါ်က ရိကျန့်ပြခန်းမှာပဲ နေနေသေးတယ်။ ဒါကိုလည်း ရှောင်းကျန့်သိတယ်။

အဲဒီနေ့က အရမ်းပင်ပန်းနေတဲ့ ရှောင်းကျန့်က စိတ်လျှော့ချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားခဲ့တယ်။ ညနေစောင်းလောက်မှာ ရှောင်းကျန့်က ပြန်နိုးလာခဲ့တယ်။ ရုတ်တရက်မို့ သိပ်စိတ်အာရုံမမိသေးတဲ့ ရှောင်းကျန့်က လုပ်နေကြအတိုင်းရိပေါ်ကို ရေတစ်ခွက်ခပ်လာပေးပါလို့တောင် လှမ်းအော်လိုက်မိသေးတယ်။ဒါဟာ အလိုလိုလိုအပ်နေခဲ့သော နွေးထွေးမှုတစ်ခုဖြစ်တယ်။

အခန်းလေးက တိတ်နိုင်ဆိတ်နိုင်လွန်းတယ်
ကိုယ့်အသက်ရှူသံကိုယ်ပြန်ကြားနိုင်တယ်
အထီးကျန်ဆန်မှုဟာ သိပ်ကိုရုတ်တရက်ဆန်လွန်းခဲ့

အခြေအနေမှန်ကို ပြန်သိလာတဲ့ရှောင်းကျန့်က မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ရင်း အသက်ပြင်းပြင်းရှူရင်း အကြာကြီးထိုင်နေခဲ့တယ်။ရိပေါ်က ပြန်မလာတော့ဘူးလား မေးခွန်းတစ်ခုက စိတ်ထဲမှာ အထပ်ထပ်မြည်ဟီးတယ်။ဒါကို နည်းနည်းလေးမှ ရှောင်းကျန့်က ဆက်လက်သည်းခံနိုင်စွမ်းမရှိခဲ့ဘူး။

အိမ်နေရင်းအင်္ကျီနဲ့ ဖိနပ်တစ်ခုကောက်စွပ်လို့ ရှောင်းကျန့်က ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းတယ်။ ဦးတည်ရာက ရိကျန့်ပြခန်းသို့ဖြစ်တယ်။ညဖက်မို့ လမ်းတွေက နည်းနည်းမှောင်တယ်။ ရှောင်းကျန့်မှာ ရိပေါ်ဖုန်းနံပါတ်တောင် မရှိတာကိုလည်း သတိထားမိတယ်။အေးစက်မှုကို အတိုင်းသားခံစားရတယ်။

ညဖက်မို့လား အနည်းငယ်လောနေလို့လား
ပြခန်းကိုရောက်ဖို့ အတော်အသင့်ဝေးတယ်ခံစားရတယ်

နီးစပ်တာလား ဝေးကွာတာလား
အရာရာဟာ ဝေခွဲရခက်မှုတွေနဲ့ ညနေခင်းက ကုန်ဆုံးတယ်။

ရှောင်းကျန့်က ပြခန်းရှေ့မှာ ခြေစုံရပ်တယ်။အဝါရောင်အခန်းလေးက ဒီနေ့တော့ ရှောင်းကျန့်အတွက် စိမ်းသက်တယ်။တံခါးကို ခေါက်ရမလား ဖွင့်ဝင်သွားရမလား တွေဝေစွာနဲ့ ရှောင်းကျန့်က ရပ်တန့်တယ်။လေနုအေးက ခပ်ဖြေးဖြေးတိုက်ခတ်တယ်။ရှောင်းကျန့်ဆံနွယ်စတွေက လေနဲ့အတူ အသာအယာလွင့်လို့ ရှောင်းကျန့်ကတော့ အေးစက်မှုကို မသိနိုင်ခဲ့၊ စိတ်အစဉ်က ပြခန်းလေးဆီ စူးစိုက်နေခဲ့တယ်။

A RACONTEUR  [Completed]Where stories live. Discover now