Part [3]

14.1K 1.6K 16
                                    

Song suggestion- Paint my love by
Michael learns to rock

Zawgyi version

ပုံပြင်တစ်ပုဒ်ပြောမယ်ပြောထားတဲ့ ရိပေါ်က မနက်လင်းတော့ ရှောင်းကျန့်ကိုရှာမတွေ့ဘူး။ အိမ်ပေါ်မှာ လက်မခံချင်တာနဲ့ သူကထွက်ပြေးသွားတာမဟုတ်လောက်ပါဘူးလို့တောင် ရိပေါ်က တွေးလိုက်မိသေးတယ်။ နောက်တော့ ခပ်သော့သော့လက်ရေးနဲ့ရေးထားတဲ့ စာရွက်ခပ်သေးသေးတစ်ခုကို အိပ်ရာဘေးမှာ တွေ့ရတယ်။ ညက ရိပေါ်ကို အိပ်ရာပေါ်မှာ အိပ်ခိုင်းပြီး ရှောင်းကျန်ံက ဘေးနားမှာရှိတဲ့ ခေါက်ခုံသေးသေးလေးနဲ့ အိပ်သွားတာ၊

စာထဲမှာ "မြို့ထဲသွားတယ်" ဆိုတဲ့ စာလုံးလေးလုံးပဲပါတယ်။ လုံးဝကို အပိုအလိုမပြောတတ်တဲ့လူပဲလို့ ရိပေါ်တစ်ချက်သတိရသွားသေးတယ်။ အိပ်ရာပေါ်ကနေ ဖြည်းဖြည်းထရင်း ရိပေါ်မနက်စာရှာတယ်။ ညက ဘာမှမစားဘဲ ခရီးနှင်လာရတာမို့ ဗိုက်က ဟာတာတာနဲ့။

ကံကောင်းချင်တော့ မနေ့ညက နှပ်ထားတဲ့ ကော်ဖီတွေကို ကော်ဖီစက်ထဲမှာဒီတိုင်း တွေ့တာမို့ မိုက်ကရိုဝေ့ထဲ ထည့်နွှေးပြီး ရိပေါ်သောက်လိုက်တယ်။ ထောပတ်သုတ်ထားတဲ့ ခပ်မာမာပေါင်မုန့်တစ်ချပ်ကိုလည်း ထမင်းစားပွဲပေါ်မှာ တွေ့တယ်။

ခပ်ပျင်းပျင်းနဲ့ တီဗီဖွင့်ကြည့်နေတုန်း နေ့လည်လောက်ကျမှ ရှောင်းကျန့်ပြန်ရောက်လာတယ်။ တစ်အိမ်လုံးဝိုင်တွေနဲ့ ပြည့်နေတာကိုမှ အားမနာ ရှောင်းကျန့်က ဝိုင်ပုလင်းတွေထပ်ဝယ်လာတယ်။နောက်တော့ နေ့စဉ်လိုအပ်တဲ့ စားစရာတစ်ချို့ရယ် ပန်းသီးတွေရယ် ဒါတွေလည်း ပါလာတယ် ။ပြီးတော့ ရိပေါ်အတွက် ဂွမ်းကပ်မွေ့ယာသေးသေးလေးပါလာတယ်။

အပြာနုရောင် မွေ့ယာခပ်သေးသေး

ခပ်နွေးနွေးခပ်သေးသေးမွေ့ယာလေးက ချစ်စရာပဲ၊ ရိပေါ် မွေ့ယာပေါ်မှာ ထိုင်ရင်း ပစ္စည်းတွေကို ထည့်နေတဲ့ရှောင်းကျန့်ကိုလိုက်ကြည့်နေမိတယ်။

ရှောင်းကျန့်က ထင်ထားတာထက် နွေးထွေးတာပဲ
ထင်ထားခဲ့တာထက် တွေးထားခဲ့တာထက်
အများကြီး ပိုပြီး နွေးထွေးနေခဲ့တာ

ဒီလိုနဲ့ ရိပေါ်က ပုံပြင်လေးတစ်ပုဒ်
ရှောင်းကျန့်ကို စတင်ပြောဖြစ်ခဲ့ပါတယ်

A RACONTEUR  [Completed]Where stories live. Discover now