Part [17]

7.1K 1.2K 10
                                    

Song suggestion- The day you went away by M2M

Zawgyi version

ကိုယ်ပူနည်းနည်းကျသွားပြီမို့ ရှောင်းကျန့်က ရိပေါ်ဘေးနားက ထတယ်။ တညလုံးတိုက်ထားတဲ့ ရေပတ်ဝတ်နဲ့ ရေဇလုံကိုတော့ ရှောင်းကျန့် ခဏနေမှ နေရာတကျ ပြန်သိမ်းတော့မယ်။

အခုရှောင်းကျန့် တစ်နေရာရာမှာ ငြိမ်ငြိမ်ထိုင်ပြီး တွေးဖို့လိုနေပြီ။ သတိနည်းနည်းလွတ်သွားတယ်ထင်တယ် ။ အမှန်တော့ အခုတလော ရှောင်းကျန့်က ဘာကိုမှ မတွေးထားမိခဲ့ဘူး။ဘာကိုမှ ကြိုမမျှော်မှန်းထားဘူး။

ညက နေမကောင်းတဲ့ ရိပေါ်ကို အင်္ကျီလဲပေးချင်တာမို့ ရိပေါ်ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကို ရှောင်းကျန့်သွားဖွင့်လိုက်မိတယ်။ အိတ်ရဲ့ ထောင့်မှာရှိနေတဲ့ ခေါက်ပိုက်ဆံအိတ်သေးသေးက ပွင့်နေတယ်။ ဓာတ်ပုံတစ်ပုံကို အင်္ကျီရှာနေတဲ့ ရှောင်းကျန့်အမှတ်တမဲ့ မြင်လိုက်မိတယ်။

ဓာတ်ပုံဟာ နည်းနည်းဆေးတွေမှိန်နေပြီဖြစ်တယ်
တစ်ချို့နေရာတွေက ဆေးတွေကွက်လို့
ပြီးတော့ အဲတာဟာ ပြုံးနေတဲ့ ဖေဖေရဲ့ ဓာတ်ပုံဖြစ်တယ်...

ရှောင်းကျန့်က အိမ်ရှေ့က ဆိုဖာထိုင်ခုံမှာ ထိုင်ချတယ်။ ရိပေါ်က ဘယ်သူလဲ ဒါကို သူမမေးမိဘူးထင်တယ်။ ရိပေါ်က ဘာလို့ဒီကို လာလဲ ဒါလည်း သူမသိဘူးထင်တယ်။ ရိပေါ်ကို ရှောင်းကျန့်နည်းနည်းမှ သေချာမသိဘူးထင်တယ်။

အိမ်ကဆင်းလာတယ်လို့ ရိပေါ်ပြောပေမယ့် မဟုတ်နိုင်မှန်းတော့ သူရော ရိပေါ်ရော သိနေပါတယ်။ သူဘာလို့ နည်းနည်းတောင် သေချာမမေးခဲ့မိလဲ ရှောင်းကျန့်က သွေးပျက်ပျက်နဲ့ တွေးတယ်။ တံခါးတွေ အထပ်ထပ်ပိတ်ထားတယ် ထင်ပေမယ့် ရိပေါ်ကိုတော့ သူခပ်လွယ်လွယ်ဝင်ခွင့်ပေးလိုက်မိတယ်။

ဒါဟာ ရှောင်းကျန့်ရဲ့ အမှားသာဖြစ်တယ် ..။

ရှောင်းကျန့်က အခန်းကျဉ်းကျဉ်းထဲမှာ မွန်းကျပ်လာတယ်။ သူတစ်​ယောက်တည်း ဒီအခန်းကျဉ်းထဲမှာ ကျန်နေခဲ့ပြန်ပြီထင်တယ်။ရယ်သံက ခြောက်ခြောက်ကပ်ကပ်ထွက်လာတယ်။

ဘဝကြီးက တစ်ကယ်တော့ အကုန်ရယ်ပစ်လိုက်ချင်စရာ

ရှောင်းကျန့်က ဖေဖေရဲ့ အချစ်ပုံပြင်ကို
နားထောင်နေရတယ်ပေါ့
သိပ်ကို စောက်အဓိပ္ပါယ်မရှိတဲ့ ဖြစ်ရပ်တွေပဲ
သိပ်ကို ချစ်တတ်တဲ့ ဟန်ကို သူသိတာပေါ့

A RACONTEUR  [Completed]Where stories live. Discover now