Part 1

14.6K 941 21
                                    

'ဒုံး ဒုံး ဒုံး' (တံခါးထုသံ)

"ဟေ့ကောင်ပွရီး မြန်မြန်လုပ်ဟ ငါ့ဖင်ကနေရာမရွေးဘူးနော် မင်းကုတင်မှာတက်ပါလိုက်မှာ...မိုးလင်းကတည်းကရေချိုးနေတာ လေဖြတ်ပြီးဂန့်သွားဦးမယ်..."

"ရုပ်ဆိုးကောင်...မင်းငါ့ကုတင်ကိုထိရင် ငါမင်းရဲ့ Gucciတွေအကုမီးရှို့ပစ်မှာ မနက်စောစောစီးစီးအသံဆိုးကြီးနဲ့ ကျက်သရေကိုမရှိဘူး.."

"ဘာ...မင်းငါ့Gucciတွေထိရဲထိကြည့် အသက်ချင်းလဲပစ်လိုက်မယ်ကွ"

"အေး အဲ့ဒါဆိုငါ့ကုတင်လည်းမထိနဲ့ ...ပြီးပြီ၀င်၀င်"

"ဖယ်မြန်မြန်....လှုပ်စိလှုပ်စိနဲ့"

Jungkook အားတွန်းဖယ်ပြီး Taehyung ရေချိုးခန်းထဲသို့ဝင်ခဲ့လိုက်သည်...

ဟုတ်ပါတယ်.. ဒါကတော့မနက်တိုင်းကြားနေကျသူတို့နှစ်ယောက်ရဲ့အခန်းတွင်းရန်ဖြစ်သံတွေပေါ့...

Taehyung ကပထမနှစ်ကျောင်းသားဖြစ်ပြီး ကျောင်းနဲ့အိမ်ကဝေးတော့ ကျောင်းထဲကအဆောင်မှာပဲနေလိုက်တာဖြစ်သည်...သူ့ Appa မျက်နှာမမြင်ချင်တာလည်းပါတာပေါ့...သူကအဖေဖြစ်သူကိုမုန်းနေတဲ့သူတစ်ယောက်ပဲလေ...

မုန်းရတာလည်းအကြောင်းအရင်းတော့ရှိတယ်လေ...ဘယ့်နှယ့်ဗျာ သားတယောက်လုံးရှိနေတာကို ရည်းစား
ဟောင်းဓာတ်ပုံကြည့်ပြီးညတိုင်းငိုနေတာ...

Omma ရှိတုန်းကလည်း မနက်အစောကြီး
Company ကိုထွက်သွားပြီးညဘက်ညည့်နက်မှပြန်လာတယ်...တခါတလေဆို Company မှာပဲညအိပ်တဲ့နေ့တွေကရှိသေး...Omma ကတော့မျှော်တာပေါ့..နောက်ဆုံးတော့ Ommaလည်း Appa စိတ်နဲ့ပဲ အိပ်ယာထဲလဲတော့တာပဲ...

Ommaကတော့ပြောရှာပါတယ်...
"သားရယ် သားAppa ကိုမမုန်းရဘူးနော်အဲ့တာကသားAppa အပြစ်တွေမဟုတ်ပါဘူး အမေ့အပြစ်တွေပါ သားတနေ့ကျရင် သားAppaကိုနားလည်လာမှာပါ" တဲ့...

Omma ကဆုံးခါနီးမှာတောင် Appaကိုမမုန်းဖို့
တဖွဖွမှာသွားခဲ့သည်... ဒါပေမယ့်သူAppaကို
မုန်းတယ်...Ommaဆုံးတော့ Taehyung ကအထက်တန်းပဲရှိသေးတာ...Ommaဆုံးပြီးနောက်ရက်ကျတော့လည်း သူကသာ Omma ကိုသတိရနေတာ Appa ကတော့ Company ကိုအသွားမပျက်ခဲ့ဘူး...

Hate to Love💜(Complete)Where stories live. Discover now