Part 12

6.9K 682 32
                                    

Taehyung ကဒီနေ့အပြင်မသွားချင်ဘူး Appaနဲ့စကားတွေအများကြီးပြောချင်သေးတယ်ဟုဆိုလာသောကြောင့်သားအဖနှစ်ယောက်ဘယ်မှမသွားဖြစ်...နေ့လည်စာကိုလည်းသားအဖနှစ်ယောက် အတူတူချက်စားဖြစ်ခဲ့သည်...

နေ့လည်စာစားပြီးတော့...

"Appa ဒီနေ့တော့Appaနားလိုက်ဦးတပတ်လုံးအလုပ်တွေပဲလုပ်နေရတော့ပင်ပန်းနေမှာ..မနက်ဖြန်မှသားနဲ့ Appa Date ​ကြမယ်လေနော်..."

Taehyung က Seokjinကိုချွဲကာပြောလိုက်သည်...

"Appaကမပင်ပန်းပါဘူးသားနားချင်ရင်သွားနားလေ...Appa ညနေကျချိန်းထားတာလေးရှိတော့ ရေအရင်ချိုးလိုက်ဦးမယ်"

"အာဟုတ်သားပဲ သားလည်းသွားစရာရှိတာမေ့နေတာ...Appaအဲ့ဒါဆိုသားလည်းရေသွားချိုးတော့မယ်"

Taehyung ထိုသို့ပြောကာ အပေါ်ထပ်ကသူ့အခန်းဆီသို့ ပြေးတက်သွားလေသည်...

Seokjin လည်း Taehyungပြေးတက်သွားတာကို ပြုံးကာကြည့်ပြီးသူ့အခန်းဆီသို့ဝင်သွားတော့သည်...

Taehyungအခန်းထဲရောက်တော့စားပွဲပေါ်ကသူ့Phကိုဖွင့်ကြည့်လိုက်သည်...သူငယ်ချင်းတွေဆီကမွေးနေ့ဆုတောင်းတွေနှင့်အတူ Jungkook ကလည်း သူတို့တွေ့မယ့်လိပ်စာနဲ့အချိန်ကိုပို့ထားသည်...

Taehyung Jungkookရဲ့ Messageကိုတွေ့တော့နာရီတချက်ကြည့်လိုက်သည်...

"၂နာရီတောင်ခွဲနေပြီ ရေမြန်မြန်ချိုးရတော့မယ်"

ချိန်းထားတဲ့အချိန်နီးလာပြီမို့လို့ Taehyung ပြာယာခက်နေတော့သည်...

ဒီနေ့Appaနဲ့စကားပြောပြီး နေ့လည်စာလည်းကိုယ်တိုင်ချက်စားကြတာဆိုတော့ ၁၂လောက်ပဲရှိလိမ့်မယ်ထင်ခဲ့တာ Jungkookနဲ့သွားမယ့်ကိစ္စကိုလည်းမေ့နေခဲ့သည်...

Taehyung ရေချိုးပြီးတော့ ၃နာရီထိုးနေပြီ...ပြီးစလွယ်Hoddie တထည်ကိုကောက်စွတ်ကာ ဒူးအထက်ဘောင်းဘီလေးနဲ့တွဲဝတ်လိုက်သည်...

မှန်ထဲတချက်ကြည့်လိုက်တော့တခုခုလိုနေသလိုခံစားနေရသည်... ပြီးမှမိတ်ကပ်မလိမ်းရသေးတာ သတိရပြီးမြန်မြန်လိမ်းလိုက်ရတော့ရုပ်ကကြည့်ကောင်းသလိုဖြစ်နေတာနဲ့ လေးထောင့်မျက်မှန်ကောက်တပ်လိုက်မှ အဆင်ပြေသွားလေသည်...

Hate to Love💜(Complete)Where stories live. Discover now