Part 5

7.1K 695 13
                                    

At Other Side,

Yoongi နဲ့ Jiminကိုထားခဲ့ပြီးထွက်လာခဲ့တဲ့ Taehyung...သူ့မျက်နှာကိုကိုင်ကြည့်လိုက်တော့ နာနေတာနဲ့ကျောင်းဆေးပေးခန်းသို့ထွက်လာခဲ့လိုက်သည်...

Taehyung ဆေးပေးခန်းထဲဝင်လာတော့သူ့ထက်အနည်းငယ်အသက်ကြီးပုံရတဲ့အကိုကြီးကမော့ကြည့်လာပြီး...

"ညီလေးဆေးလာထည့်တာလား ခနလေးနော်Hyung ခုမှရောက်တဲ့ဆေးတွေစီနေလို့"

ထိုအကိုကြီးက Taehyung ရဲ့မျက်နှာကဒဏ်ရာတွေကိုကြည့်ပြီးပြောလိုက်တာဖြစ်သည်..

"ဟုတ်ရပါတယ် Doctor"

"Hyung လို့ပဲခေါ်ပါ...ဒီကျောင်းကDoctor ပြောင်းသွားလို့ခနအစားဝင်ပေးနေတာလေ..."

"ဟုတ်ကဲ့ Hyung"

Taehyung ထိုအကိုကြီးကိုစောင့်ရင်း ကုတင်ပေါ်ခနလဲနေလိုက်သည်...

ခနကြာတော့မျက်နှာကစပ်ဖျင်းဖျင်းခံစားချက်ကြောင့် Taehyung မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ထိုအကိုကြီးကသူ့မျက်နှာကိုဆေးထည့်ပေးနေတာဖြစ်သည်...သူခနမျှအိပ်ပျော်မိသွားပုံပင်...

Taehyung နိုးတာမြင်လို့ထင်တယ်ထိုအကိုကြီး..

"အော်ညီလေးနိုးလာပြီပဲ အိပ်ပျော်နေလို့မနိုးလိုက်တာ အိပ်ပြီးဆေးထည့်တော့မနာတော့ဘူးလေ"

"ဟုတ် sorryနော်Hyung.. ကျတော်ကခနလေးဆိုပြီးမှေးလိုက်တာ...ဟီး"

အရှက်ပြေအပြုံးလေးပြုံးလိုက်တဲ့ Taehyung...

"ချစ်ဖို့ကောင်းတဲ့အပြုံးလေးရှိတာပဲ...ဒါနဲ့မိတ်ကပ်ဘာလို့လိမ်းထားတာလဲ "

ထိုအကိုပြောမှ Taehyung သူ့ပါးပြင်ပေါ်လက်နှင့်စမ်းကြည့်လိုက်တော့တချို့နေရာမှာမိတ်ကပ်တွေကွာကျနေသည်...အရက်ပြန်ကြောင့်ဖြစ်လိမ့်မည်...

"ညီလေးကမိတ်ကပ်မလိမ်းရင်ပိုချောမှာကိုဘာလို့လိမ်းထားတာလဲ.. ပြီးတော့ဝက်ခြံအတုတွေလည်းကွာကုန်လို့ ခနကHyungလွှင့်ပစ်လိုက်ပြီ"

"ဗျာ... အဲ့တာမရှိလို့မဖြစ်ဘူး ကျတော့မျက်နှာလူတွေမြင်ကုန်လိမ့်မယ်"

Taehyung အလန့်တကြားကုတင်ပေါ်ကထကာအမှိုက်ပုံးဆီပြေးတာမြင်တော့...

Hate to Love💜(Complete)Where stories live. Discover now