Part 16

6.7K 653 7
                                    

"Ya RMမင်းမနေ့တည်းကဖြီးနေတာ ဒီမနက်ထိပဲအရင်နေ့တွေကကျ ခွေးအကြီးလှည်းနင်းထားသလိုနဲ့"

Juungkook က RM တလမ်းလုံးပြုံးဖြီးဖြီးနဲ့ဘေးကလိုက်လာတာကို ကြည့်မရလို့ပြောလိုက်ခြင်းပင်...

"Ya ငါကြည်နူးနေတာတောင်ပျက်တယ်...ငါဘာလို့ဖြီးတာလည်းဆိုတာခနနေတွေ့လိမ့်မယ် ဟင်းဟင်း"

"ဒါလေးပြောဖို့အရေးကိုအချိန်တွေဘာတွေခံနေသေးတယ် အခုပြောတော့မြွေကိုက်မှာကျနေတာပဲ ငါ့မှာတော့အရေးကြီးတယ်ဆိုလို့စောစောထလာရတာ အိပ်ရေးတောင်မဝဘူး ဝါးးးး"

Jungkookပြောပြီးသမ်းလိုက်သည်...ဟုတ်တယ်လေ ခါတိုင်းဆိုကျောင်းတက်ခါနီးမှထတာကို...မနက်က၆နာရီလောက်RM က Phoneဆက်နိုးပြီးပြောစရာရှိတယ်အရေးကြီးလို့ဆိုလို့သာ...

"ကန်တင်းရောက်ရင်သိလိမ့်မယ်ပေါ့ခနပဲစောင့်"

Jungkookလူကအိပ်ချင်မူးတူးဖြစ်နေတာကြောင့် ပြန်မပြောတော့ဘဲခေါင်းသာငြိမ့်ပြလိုက်သည်...

သူတို့ကန်တင်းကိုသွားနေရင်း RMကJungkookကိုလက်တို့ပြီး...

"Ya Ya ဟိုဟာကျောင်းဆေးခန်းက Bogum Hyungနဲ့ Taehyungမလား... သူတို့ကအဲ့လောက်တောင်ရင်းနှီးတယ်ပေါ့ ခေါင်းပုတ်လိုက်...ပါးကိုဆွဲလိုက်နဲ့"

RM ပြောလို့ကြည့်လိုက်တော့ TaehyungကိုBogum ကပါးလေးဆွဲပြီးစနေသည်...

Taehyungကလည်း သူ့ရဲ့ချစ်စရာကောင်းတဲ့Boxy Smileလေးနဲ့ရယ်နေခဲ့သည်...ထိုမြင်ကွင်းကြောင့် Jungkook တယောက်သူ့ပါးစောင်ကိုလျှာနဲ့ထိုးနေတော့သည်... ဒါကသူသဘောမကျရင်လုပ်နေကျအကျင့်တစ်ခု...

"Ya Jungkook ပါးကြီးလည်းပေါက်ထွက်ကုန်ဦးမယ်...ဘာလဲမင်းTaehyungသဝန်တိုနေတာလား "

"Ya ငါကအဲ့ရုပ်ဆိုးကောင်ကိုကြိုက်စရာလား...သေတောင်မကြိုက်ဘူး သူရီနေတာကိုအမြင်ကပ်လို့...ပြီးတော့ငါတွဲတဲ့သူတွေက ဘယ်လိုပုံစံတွေလည်းမင်းသိပါတယ်"

RM မှာသူကစလိုက်တာကိုရှူးရှူးရှားရှားတွေဖြစ်နေတဲ့Jungkookကိုအံ့သြသလိုကြည့်ကာ...

"Ya..ငါကဒီတိုင်းလိုက်တာပါကွ မင်းTaehyungကိုကြိုက်နေတယ်လို့လည်းမပြောမိပါဘူး"

Hate to Love💜(Complete)Where stories live. Discover now