Part 25

7.2K 661 54
                                    

Jungkook တစ်ယောက် မနေ့ကသူနဲ့Taehyungချစ်သူတွေဖြစ်သွားကြပြီဆိုတော့ ညတုန်းကလည်းအပျော်တွေလွန်ပြီးအိပ်မပျော်သလို မနက်ကျတော့လည်းအစောကြီးနိုးနေသည်...

Taehyungကိုလှမ်းကြည့်တော့မနိုးသေး...ညကကုတင်ဆက်အိပ်မယ်လို့ပြောတာကို အရှက်ကြီးတဲ့သူ့ကောင်လေးကလက်မခံဘူးလေ...နောက်မှဖြေးဖြေးချင်းနားချရုံပေါ့...

ရေချိုးခန်းထဲကထွက်လာပြီး Jungkook နာရီကိုကြည့်လိုက်တော့ ၇နာပဲရှိသေးသည်...ခါတိုင်းဆို၈ခွဲလောက်မှထပြီး ကျောင်းကို၉နာရီကျော်မှတက်တဲ့သူမှဟုတ်ရဲ့လားဟုပြန်တွေးကာရယ်လိုက်မိသေးသည်...

Taehyungကုတင်ကိုကြည့်လိုက်တော့ မနိုးသေး...ခါတိုင်းအစောကြီးထတတ်တဲ့သူက ခုများတော့နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေသည်...ကြည့်ရတာ Taehyung လည်းညတုန်းကအိပ်မပျော်လောက်ဘူးထင်တယ်...

"ငါ့ကောင်လေးကအိပ်ပျော်နေတာတောင်ချစ်ဖို့ကောင်းလိုက်တာကွာ...ဟူး...ခများလေးကဒီလောက်ချောနေတော့ ကိုယ်ကဘယ်လိုစိတ်ချရတော့မှာလဲ..."

Taehyung ကိိုကြည့်ရင်း Jungkook တခုခုကိုတွေးမိသွားပြီး...

"ဟင်း ဟင်း...ဒီအလှလေးက Jungkookအပိုင်ဆိုတာသိအောင်ပြောထားရမှာပေါ့"

Jungkook သူ့Phကိုသွားယူပြီး အိပ်ပျော်နေတဲ့Taehyungရဲ့အပေါ်စီးကနေဓာတ်ပုံရိုက်ယူလိုက်သည်...ပြီးတော့ Statusတကြောင်းရေးပြီး သူ့ရဲ့ Social Media Accကနေတင်လိုက်သည်...

ပြီးတော့ Statusတကြောင်းရေးပြီး သူ့ရဲ့ Social Media Accကနေတင်လိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"He is mine,don't touch my boyfriend 😈"

Jungkook သူ့Postသူကြည့်ပြီးသဘောကျနေသည်...သူ့ Instagram Accက Follower 1Mကျော်ရှိသည်...အများစုကသူတို့ကျောင်းကလူတွေ...

Hate to Love💜(Complete)Where stories live. Discover now