Part 23

7.1K 660 26
                                    

Next Day,

Taehyungစိတ်တွေအရမ်းလှုပ်ရှားနေမိသည်...ဒီနေ့ကသူ့ရဲ့ဘဝအမှန်ကိုထုတ်ပြရတော့မှာလေ...သူလုပ်နိုင်ပါ့မလား...ရပ်လိုက်ရင်ကောင်းမလား..မဖြစ်သေးပါဘူး Jiminအတွက်သူလုပ်မှဖြစ်မည်...

အခန်းထဲမှာလက်မကို ကိုက်လျှက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့Taehyungကိုကြည့်ပြီး Jungkookစိတ်မရှည်တော့...သူ(jk)မက်တပ်ရပ်ပြီးTaehyung အနားကိုလျှောက်သွားလိုက်ကာသူ့(th)လက်နှစ်ဖက်ကိုဆုတ်ကိုင်လိုက်သည်...

"Taehyung na ကိုယ်တစ်ခုပြောမယ်နော်...မင်းဘာလို့စိတ်လှုပ်ရှားနေမှန်းမသိပေမယ့် မင်းမှန်တယ်ထင်ရင်ဆက်သာလုပ်လိုက်...ပြီးတော့ ဘာပဲဖြစ်ဖြစ်ကိုယ်ကမင်းဘက်မှာ အမြဲရှိနေမယ်ဆိုတာတော့သိထားပေး...ကိုယ်မင်းကိုချစ်တာသိတယ်မလား"

နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် Taehyungမျက်နှာလေးရဲသွားသည်...ရှက်ရှက်နှင့်Jungkookကိုင်ထားသည့်လက်ကိုဖြုတ်ကာ...

"ငါ...ငါမသိပါဘူး ပြီးတော့ငါစိတ်မလှုပ်ရှားပါဘူးဒီ...ဒီတိုင်းပဲ"

"ဟုတ်ပြီလေ အဲ့ဒါဆိုကိုယ်သွားနှင့်မယ်နော်...ပြီးတော့ Jiminတို့ကိုမင်း Canteen မလာတော့ဘူးလို့ပြောပေးမယ်"

"ဟမ်...ငါအဲ့ကိုမသွားမှန်းမင်းကဘယ်လိုသိတာလဲ"

မျက်လုံးလေးပြူးကာပြောလာတဲ့TaehyungကိုJungkookအသဲယားလာပြီးဖက်နမ်းပြစ်ချင်လာသည်..

(စိတ်ထိန်းJungkook စိတ်ထိန်း...မင်းကအဖြေတောင်မရသေးဘူး Taehyung စိတ်ဆိုးသွားလိမ့်မယ်..)

"ဒီလိုပါပဲ ငါသွားပြီ"

Jungkook ကကြာရင်တစ်ခုခုလုပ်မိမှဆိုးလို့အမြန်ထွက်သွားတော့ Taehyung တစ်ယောက်တည်းပြူးကြောင်ကြောင်လေး ကျန်နေခဲ့သည်...

Taehyung အဆောင်ထဲကထွက်လာချိန်...ကျောင်းလမ်းတလျှောက်သူ့ကိုပဲစိုက်ကြည့်နေကြတဲ့သူတွေကြောင့်ပိုစိတ်လှုပ်ရှားလာသည်...သူဒီတိုင်းလာတာမဟုတ် Maskအုပ်ထားသေးသည်...တကယ်တန်းMask ကတောင် Taehyung ရဲ့ချောမောမှုကိုဖုံးကွယ်မထားနိုင်ဘူး...

တကယ်တန်းMask ကတောင် Taehyung ရဲ့ချောမောမှုကိုဖုံးကွယ်မထားနိုင်ဘူး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Hate to Love💜(Complete)Where stories live. Discover now