Part 17

6.4K 649 11
                                    

Jungkookကိုစိတ်ဆိုးဆိုးနဲ့ဘာမှမစားဘဲထွက်လာခဲ့တာကို Taehyung အခုမှနောင်တရလာသည်...နေ့လည်စာမစားထားတော့အတန်းထဲမှာ ဗိုက်ကတဂွီဂွီဖြစ်နေသည်...

"Taehyung na မင်းဗိုက်ဆာနေတာလား"

Jihoon ကကြားလို့ထင်တယ်မေးလာခဲ့သည်...

"အာ...မဟုတ်ပါ..."

..ဂွီ...

စကားတောင်မဆုံးသေးဘူးသူ့(th)ဗိုက်ကအရှက်ခွဲလေပြီ...

"Taehyung ရေမင်းကလိမ်လို့ရပေမယ့်...မင်းဗိုက်ကဆန္ဒပြနေတယ် ရော့စားလိုက် ငါ့Ommaကငါ့ကို စတော်ဘယ်ရီကိတ်တွေအများကြီးထည့်ပေးလိုက်တာ အဆောင်မှာလည်းကျန်သေးတယ်"

Jihoon က Taehyungလက်ထဲကိုမုန့်အတင်းထည့်ပေးနေတာကြောင့် မငြင်းတော့ဘဲယူလိုက်သည်..
စတော်ဘယ်ရီကသူ့အကြိုက်ဆုံးဖြစ်တာကတကြောင်း ဗိုက်ကလည်းဆာနေတာကြောင့်ရော Taehyung ယူလိုက်ခြင်းပင်...

Taehyung စတော်ဘယ်ရီကိတ်ကိုတကိုက်စားပြီးတော့ မျက်လုံးလေးပြူးကာ...

"ဝါးးးးအရသာရှိလိုက်တာ ငါဒီလိုကိတ်မစားဖူးသေးဘူး ဘယ်ကဝယ်တာလည်း Jihoon"

"ဟီး Seoulကမဟုတ်ဘူး ငါတို့ Busanက...OmmaကBusanမှာကိတ်ဆိုင်ဖွင့်ထားတာနှစ်ပတ်တစ်ခါပို့ပေးတယ်လေ...ငါတော့စားရလွန်းလို့အီနေပြီရယ်..."

"နောက်တခါပို့ရင်ငါ့ကိုရောင်းပါလား Jihoonနော်နော်"

Jihoonသူ့ကို Puppy eye လေးတွေနဲ့တောင်းဆိုနေတဲ့ Taehyungကိုကြည့်ကာ...

"Ya ရောင်းစရာလား...သူငယ်ချင်းဖြစ်သွားပြီပဲကို ဒီတိုင်းကျွေးမယ်ဟုတ်ပြီလား ခနလေးခုတောင်၂ထုတ်ကျန်သေးတယ် ယူသွားလိုက်"

Jihoonသူ့လွယ်အိတ်ကိုနှိုက်ပြီး Cakeနှစ်ထုတ်ကိုပေးလိုက်တော့...

"အားကျေးဇူးတင်ပါတယ် Jihoonကအကောင်းဆုံးပဲ"

ရုတ်တရက်Jihoonသူ့ကိုဖက်လိုက်တဲ့ Taehyung ကြောင့်ရုတ်တရက်လန့်ကာရင်ခုန်သွားခဲ့ရသည်...

ထိုမြင်ကွင်းကိုမြင်သွားတဲ့ကောင်လေးတစ်ယောက်ကတော့ ထုံးစံအတိုင်းပါးစောင်ကိုလျှာနဲ့ထိုးကာ သူလက်ထဲကအထုတ်လေးကို အမိုက်ပုံးထဲသို့လွှင့်ပြစ်ကာထွက်သွားလေသည်...
.
.

Hate to Love💜(Complete)Where stories live. Discover now