Part 9

6.7K 657 6
                                    

Taehyung တယောက်ဒီနေ့စိတ်ကြည်နေသည်။ဘာလို့လည်းဆိုတော့ မနက်ဖြန် YoAh Noonaတို့အခြေအနေကိုသိရတော့မှာလေ...

Jungkook ကိုသူ(th)မယုံပါ...Noonaတို့ကBest friendပဲဖြစ်မှာသေချာတယ်...

မနက်စောစောထရေချိုးအဝတ်အစားလဲပြီးဘေးကုတင်က Jungkookကိုကြည့်လိုက်တော့ခုထိမထသေး...Jungkookကဘယ်တော့မှစောစောမထတတ်... ထို့ကြောင့်ပဲTaehyung မိတ်ကပ်ဘာညှာပြင်ဆင်ရတာအဆင်ပြေတာလေ...ဟိုနေ့ကတော့ဘာစိတ်ကူးပေါက်ပြီးစောစောထမှန်းမသိ...

Taehyung ပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်...အောက်ရောက်တော့ Jiminနဲ့Yoongi Hyungကစောင့်နေလေသည်..

"Hobie HyungရောJimin"

"Hobie Hyung ကထုံးစံအတိုင်းစာကြည့်တိုက်သွားတယ်...စာရှာစရာရှိလို့တဲ့ "

"Hobie Hyungလည်းသနားပါတယ်နော် စာနဲ့မျက်နှာနဲ့ကိုမပြတ်ရဘူး တအားကြိုးစားနေရှာတာ.."

"သူကစီးပွားရေးMajorမို့လို့စာများတယ်လေ အဲ့ဒါကြောင့်ပါ"

Yoongiပြန်ဖြေလိုက်တော့မှ...

"ဟုတ်သားပဲ ဟီးဟီး.."

"ဟီးဟီးလုပ်မနေနဲ့ Canteen သွားရအောင်"

Jiminကြားဖြတ်ကာပြောလိုက်သည်...

"Ok Ok" Taehyung Ok Signပြကာရှေ့ဆက်ထွက်သွားသည်...

Jimin ကတန်းမလိုက်သေးဘဲ Yoongi အနားတိုးကပ်ကာ...

"Hyung မနက်ဖြန်First dateနော် မမေ့နဲ့ Phဆက်လိုက်မယ်"

ထိုသို့ပြောပြီးသည်နှင့် Taehyungနောက်လိုက်သွားလေသည်...Jiminစကားကြောင့်Yoongi နောက်မှာမပွင့်တဲ့မျက်လုံးလေး ပြူးကာကျန်နေခဲ့သည်...

"Yoongi Hyung မြန်မြန်လာလေ ဘာလုပ်နေတာလည်း"

Taehyung ခေါ်မှYoongiအသိပြန်ဝင်လာကာ မြန်မြန်လျှောက်လာသည်..အကြောင်းသိတဲ့Jimin ကပြုံးဖြီးဖြီးနှင့်သာ...

(တစ်ယောက်ကပြူးတူးတူးနဲ့...တစ်ယောက်ကလည်းပြုံးဖြီးဖြီး မရိုးတော့ဘူးဒီနှစ်ယောက်ရည်းစားတွေဘာတွေများရနေပြီလားမသိဘူး...အားးးတော်ပြီမစဉ်းစားတော့ဘူးဗိုက်စာလာပြီ...သူတို့ရရင်ငါ့ကိုလည်းပြောပြကြမှာပေါ့...)
Taehyung မှာဘေးကနှစ်ယောက်ကိုကြည့်ကာ တယောက်တည်းခေါင်းငြိမ့်လိုက်ခေါင်းခါလုပ်နေတော့သည်...

Hate to Love💜(Complete)Where stories live. Discover now