Part 7

7K 684 21
                                    

Taehyung သူ့အဖေကိုလစ်လျူရှူပြီးကျောင်းဆောင်ဘက်ကိုထွက်လာခဲ့သည်...ထိုအချိန်ကောင်းလေးတစ်ယောက်ကအနားရောက်လာပြီး...

"Kim Taehyung ခနလေး Kim taehyung ဟုတ်တယ်မလား ရုပ်ဆိုးဆိုးနဲ့ Jeon Jungkookရဲ့အခန်းဖော်လေ.."

ထိုကောင်လေးစကားကြောင့် Taehyung မျက်မှောင်ကြုံ့ကာကြည့်ပေးလိုက်သည်...ဘာလည်းနာမည်ခေါ်ရင် တော်ရောပေါ့...အစကအကောင်းဖြေမလို့ပဲထိုသူ့စကားကြောင့်ခပ်မာမာလေးဖြေပေးလိုက်တယ်...

"အေးဟုတ်တယ်ရုပ်ဆိုးတဲ့ Kim Taehyungပဲ အဲ့တော့ဘာဖြစ်လဲ"

"ဟဲ Sorry ပါကွာ..ငါကသူများတွေပြောတာသေချာအောင်မေးကြည့်တာပါ"

"အေးပြောဘာကိစ္စတုန်း"

"ငါ့ကMin Jungပါ...ဟိုလေပြောရမှာတော့အားနာပါတယ် ငါကလေ Jungkookကိုသဘောကျလို့"

"ဘာ... Jungkookကိုသဘောကျတာသူ့သွားပြောလေ ဘာလို့ငါ့လာပြောနေတာလဲ"

"ဟိုအဲ့လိုသဘောမဟုတ်ပါဘူး... မင်းကသူ့အခန်းဖော်ဆိုတော့ မင်းငါနဲ့အခန်းများမလဲချင်ဘူးလားလို့"

Min Jung အပြောကြောင့် Taehyungမျက်လုံးလေးတွေအရောင်တောက်သွားသည်...ဟုတ်တယ်လေ သူJungkookနဲ့မှမနေချင်တာ...

"မင်းအတည်ပြောတာလား"

"အတည်ပြောတာပါကွာ ငါသူနဲ့တခန်းတည်းနေချင်လို့ပါ"

"ဟုတ်ပြီလေ... ဒါနဲ့မင်းအခန်းဖော်ကဘယ်သူလည်း"

"Senior Doo Hee "

Min Jung ပြောတဲ့နာမည်ကိုကြားပြီး Taehyung စိတ်ဓာတ်ကျသွားသည်...ထို Senior ကJungkook ထက်ပိုဆိုးသည်လေ..

Senior Doo Hee ကသူတို့တက္ကသိုလ်မှာ Gayဟုသူ့ကိုယ်သူဝန်ခံကာကောင်လေးတွေနဲ့ပဲတွဲသည်...
ပြီးတော့ Jungkookကမှချောတာပဲရွေးတွဲလို့တော်သေးတယ် အဲ့Seniorက ရုပ်ဆိုးလည်းတွဲတာပဲ...မဖြစ်ဘူးသူအဲ့ Senior နဲ့တော့မနေချင်ပါ...

"တောင်းပန်ပါတယ်...ငါမလဲပေးနိုင်တော့ဘူး Min Jung"

"ဟာမင်းခနကပဲလဲပေးမယ်ပြောထားတာလေ မရဘူးမင်းလဲပေးရမယ်"

"မလဲပေးဘူးလို့ပြောနေတယ်လေ...မင်လဲချင်ရင် Jung kookကိုသွားပြောငါကတော့မလဲပေးနိုင်ဘူးဘဲ.."

Hate to Love💜(Complete)Where stories live. Discover now